"ရသ"

"ဆို"

အိမ်အပြင်ကို ထွက်လာသည့် ရသနောက်မှ လိုက်၍ အဂ္ဂခေါ်ရသည်။ ပြန်လှည့်ကြည့်လာသော အကြည့်တို့က အနည်းငယ် နီရဲနေသည့် မျက်၀န်းများနှင့် ဖြစ်သည်။

"ဘာလို့လဲ၊ ဒီတိုင်း ငြိမ်နေလိုက်ရင် ပြီးနေပြီကို မင်းက ဘာလို့ အခုလို"

"မင်းနေရာ အစားထိုး ၀င်မိလို့လား၊ ငါက မင်းကို ကာကွယ်ချင်တာလေ၊ ဦးသူကလည်း မင်းကို ထိခိုက်မှာစိုးတယ်လေ၊ ပြီးတော့ ဇွဲမင်း သူကလည်း မင်းကို..."

ရသ၏ စကားသံရပ်သွားသည်။ ပြီးတော့ ခပ်ယဲ့ယဲ့ပြုံးပြလာပြီး အဂ္ဂ၏ ပခုံးကို ပုတ်လိုက်သည်။

"မင်းကတော့ အသက်ရှင်မှ ရမယ် အဂ္ဂ၊ ငါက အစတည်းက မင်းရဲ့အရိပ်ပဲ၊ အရင်က မင်းနောက်ကွယ်မှာ ငါရှိပေးရင် အခု‌ရှေ့ကနေ ကာကွယ်ပေးမယ်၊ အဲ့ဒါ ဘယ်သူ့ ပယောဂ ကြောင့်မှ မဟုတ်ဘူးနော်၊ မင်းက ငါ့အကိုဖြစ်နေလို့"

ရသ၏ အသံက ပြတ်သားသည်။ သူသေနတ်မှန်ထားသည့်တိုင် ချိုင်းထောက် အကူအညီမပါဘဲ လမ်းလျှောက်နိုင်ဖို့ ကြိုးစားနေတုန်းပဲ။

"ငါကျတော့ရော၊ ငါကရော ငါ့ရဲ့ညီကို မကာကွယ်ပေးရတော့ဘူးလား၊ မင်းပြောချင်တာပဲ အမြဲပြောတယ်၊ ငါ့အတွက်ရော မကြည့်ပေးတော့ဘူးလား၊ ငါကရော မင်းကို ဂရုမစိုက်ပေးရတော့ဘူးလား"

အဂ္ဂ၏ ခပ်တိုးတိုး စကားသံကို ရသ မကြားခဲ့ပါ။ သူတို့နှစ်ဦး၏ ကံကြမ္မာက ဒီလို ဖြစ်ဖို့ စေနေခဲ့ပြီလေ။

အဂ္ဂ အိမ်ထဲကို ပြန်၀င်လာတော့ ဦးသူက သူ့ကို ခေါ်သည်။

"အဂ္ဂ"

"ဟုတ်ကဲ့ ဦးသူ"

"မင်းအတွက် အလုပ်ရှိတယ်"

ဦးသူ၏ ဟန်ပန်က အေးဆေးတည်ငြိမ်သော်လည်း အတွေးများကနက်နဲသည်။ ဦးသူက လေးစားဖို့ကောင်းသည်။ သို့သော် တစ်ခါတရံ သူ ဦးသူကို ကြောက်သည်။

ကားလမ်းမကြီးဘေးတွင် တည်ရှိသည့် အဆောက်အဦး အနိမ့်အမြင့်တွေကြားထဲ မထင်ရှားသည့် ဆေးခန်းလေးက ညနေစောင်းလို့ ညအမှောင်လာခါနီးမှ ဖွင့်လေ့ရှိသည်။ သူနာပြု ဆရာမလေးတစ်ယောက်နှင့် ဆရာ၀န်တစ်ယောက်သာ ရှိသော ထိုဆေးခန်းလေးက အချိန်တော်တော်ကြာအောင် လူနာတွေ မပြတ်လာနေကြဆဲပဲ။

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Waar verhalen tot leven komen. Ontdek het nu