"ယောင်းငယ်လေး...နိုးနေတာလား "

ကျွန်တော်ရှိရာဘက်ကို လက်ဖြင့်စမ်းရင်း မေးလာသော ဦးလေးငယ်ကြောင်း သူ့ရဲ့လက်ကို လှမ်းကိုင်လိုက်ကာ

"သား နိုးနေပြီ ဦးလေးငယ် .."

"အစောကြီးရှိသေးတယ်ထင်တယ် ငှက်ကလေးတွေရဲ့အသံတောင် သိပ်မကြားရသေးဘူး "

ကျွန်တော့်လက်ကနေ အပေါ်ကိုတက်ကာ ဆံပင်တွေကို လက်ဖြင့်စမ်းပြီးသပ်ပေးလာကာ ပြောလာ၏ ။ ဦးလေးငယ်က ဆံပင်လေးတွေသပ်ပေးလာတာကို သဘောကျနှစ်သက်တာကြောင်း ဦးလေးငယ်ရဲ့လက်တွေဆီကို ခေါင်းလေးကိုပိုတိုးပေးလိုက်သည် ။

" ပြန်အိပ်အုံးလေ ကျောင်းသွားရမယ့်ဟာကို "

"မအိပ်တော့ဘူး ဦးလေးငယ် "

ကုတင်းကနေခြေချကာ လမ်းလျှောက်တုတ်ကိုလှမ်းယူနေသော ဦးလေးငယ်ရဲ့ လက်ထဲကို လမ်းလျှောက်လေးထည့်ပေးသည် ။ ခြေရင်းက ခြေအိတ်ကိုလှမ်းစမ်းနေတဲ့ ဦးလေးငယ်ကြောင်း ခြေအိတ်ကိုယူကာ ဦးလေးငယ်ရှေ့ ဒူးတစ်ဖက်ထောက်ထိုင်ရင် ခြေထောက်ဖွေးဖွေးလေးတွေကို လှမ်းယူလိုက်တော့ ဦးလေးငယ်က အလန့်တကြားဖြင့် ခြေထောက်ကို နောက်ဆုတ်သွားသည် ။

"ယောင်းငယ်လေး မလုပ်..."

"သား လုပ်ပေးချင်လို့ပါ "

အစောတလျင် ဟန့်တားလာသော ဦးလေးငယ်ရဲ့စကားကို ဖြတ်ပြောလိုက်ကာ ခြေဖဝါးနုနုကို ဒူးပေါ်တင်ရင်း ခြေအိတ်လေးကိုစွပ်ပေးလိုက်သည် ။ ဦးလေးငယ်ကိုမော့ကြည့်လိုက်တော့ ဦးလေးငယ်ဟာ အနေခက်နေဟန်တူသည် လည်ပင်းကို လက်ဖြင့်ပွတ်နေ၏ ။ ကျန်တစ်ဖက်ကိုပါ ခြေအိတ်ဝတ်ပေးပြီး ဘေးနားတွင်ချထားသော စွပ်ဖိနပ်အဖြူရောင်လေးကိုပါ တစ်ခါတည်းဝတ်ပေးလိုက်ကာ မတ်တပ်ရပ်လိုက်သည် ။

"ယောင်းငယ်....နောက်ဆို အဲ့လိုမလုပ်ပါနဲ့ .."

ဦးလေးငယ်က အားနာစွာပြောလာ၏ ။

"ဟုတ်ကဲ့ပါ ..ဒီနေ့ သားလည်း အားနေလို့ပါ ဦးလေးငယ်လေးရဲ့ မျက်နှာသစ်သွားကြရအောင်"

ကျွန်တော်ပြောကာ သူရဲ့လက်ကို လှမ်းကိုင်ရင်း အခန်းအပြင်ဘက်ကိုထွက်လိုက်သည် ။ အခန်းအပြင်ဘက်ရောက်တော့ အစေခံကောင်မလေးတွေအနည်းငယ်သာ အိမ်တော်ကို သန့်ရှင်းရေးလုပ်နေတုန်းရှိသေးတယ် ။

Cherish Where stories live. Discover now