Chapter - 67 ( 👪💕👪 )

Începe de la început
                                    

" ငါကမခန့်တော့ဘူးလို့ပြောချင်တာလား "

" မခန့်တာမဟုတ်ပါဘူး … ပိုချောလာတာ "

" ချောဖို့မလိုဘူး … ဒါကတစ်မျိုးကြီးပဲ …

ငါဝတ်နေကြဟာတွေ ပြန်ယူလာခဲ့ "

တဖက်ခန်းက လုယီနဲ့ မင်းယွီလဲ ရောက်လာကြလေတယ် …

မင်းယွီက ဒူအောက်ထိသာရှည်တဲ့ စတိုင်ပင်ဘောင်းဘီနဲ့ အဖြူရှပ်လက်ရှည်ကိုဝတ်ဆင်ထား၍ မသိလျှင် စုံတွဲဝတ်ဆုံဟုပင် ထင်ရလောက်စေတယ် …

တစ်ယောက်ကိုတစ်ယောက်ကြည့်မိတော့ အနည်းငယ်ရှက်စိတ်များပင် ဖြစ်ပေါ်လာသယောင် … လုယီလေးက ဖန်းဂူလို အားကစားဘောင်းဘီဝတ်ထား၍ သူနဲ့တူနေတာလဲမြင်ရော အတော်လေးပျော်သွားလေတယ် …

" ဦးရေးကြီး ဘောင်းဘီနဲ့ YiYi ဟာနဲ့တူတူပဲ …

ဦးရေးကြီး အင်္ကျိနဲ့ ပါပါးဟာနဲ့တူတူပဲ "

ထိုစဉ် ချူးရှန့်ရောက်လာပြီး …

" သခင်လေး … အဝတ်လဲဖို့ … "

" မလိုတော့ဘူး …

နောက်ကျနေပြီ … သွားမယ် "

စောတုန်းကပဲမကြိုက်ဘူးဆိုပြီး ဟိန်းဟောက်နေပြီး ခုသူမဟုတ်သလို ယုံကြည်မှုအပြည့်နဲ့ထွက်သွားတဲ့သခင်ကိုကြည့်ပြီး ချူးရှန့် ပြုံးလိုက်မိလေတယ် …

*

*

*

*

မွေးကတည်းက ကျွန်ပေါ်မှာနေလာရပြီး မြို့ပေါ်ရောက်ပြန်တော့လဲ အစောင့်အရှောက်တွေရဲ့စောင့်ကြည့်မှုအောက်မှာ ရှင်သန်လာခဲ့ရတဲ့ ရှန်ဖန်းဂူဟာ သူ့ဘဝမှာ ကစားကွင်းကိုရောက်ဖူးတာ ဒါမထမဆုံးလို့ဆိုရမယ် …

ကျောင်းနေစဉ်အရွယ်ကလဲ ပညာရေးကိုသာအားစိုက်နေရ၍ မရောက်ခဲ့ဘူး … အရွယ်ရောက်လာပြန်တော့ အလင်းအမှောင်ကိစ္စတွေနဲ့ ပျော်ပါးဖို့နည်းနည်းလေးမှမတွေးခဲ့ရဘူး …

ပြောရရင် သူ့ဘဝမှာ ကစားဖူးတာဆိုလို့ သေနတ်တစ်လပ်နဲ့ လူတွေကို လက်တွေ့လိုက်ပြစ်ရတဲ့ ဂိမ်းအသေးစားလေးတစ်ခုသာ … ဒါကြောင့် Lion ဆိုတဲ့ဘွဲကိုရတာ မဆန်းပါဘူး …

Mafia Is My Alpha ( Lion ) { Completed }Unde poveștirile trăiesc. Descoperă acum