LOVE AT FIRST SIGHT

Começar do início
                                    

~ သားတို့မိတ်ဆက်လိုက်ဦးလေ ~

ဆရာမရဲ့အသံကိုကြားမှရိပေါ်ကသူအကြာကြီး
စိုက်ကြည့်‌နေမိတာကိုသတိထားမိသွားတယ်။ရိပေါ်ကအမြန်အကြည့်လွှဲလိုက်ပီးသူ့ရှေ့ကနံရံ
ကိုပဲကြည့်နေလိုက်တယ်။

~ ငါနာမည်ကကျင်းဇီရွှမ်ပါ အားလုံးနဲ့
ခင်ချင်ပါတယ် ကူညီပေးပါဦး! ~

~ ငါ့နာမည်ကဝမ်ရိပေါ် ~

သူများတွေဘယ်လိုထင်ထင်သူဂရုမစိုက်။သူ့ရဲ့မိတ်ဆက်တာကိုကအဲ့လိုပဲ။ပီးတော့သူက
စကားတွေအများကြီးပြောရတာရော၊လူတွေနဲ့တရင်းတနှီးနေရတာ‌ရောမကြိုက်ဘူး။

~ ကဲ,သားတို့ ကိုယ်ကြိုက်တဲ့နေရာဝင်ထိုင်ကြနော် ~

ဆရာမရဲ့စကားအဆုံးရိပေါ်ခြေလှမ်းဦးတည်မိတဲ့နေရာကတစ်ခုတည်း။ဘေးခုံပေါ်တင်ထားတဲ့
စာအုပ်တွေကိုလွယ်အိတ်ထဲထိုးထည့်ရင်းသူ့ကို
တစ်ချက်လှည့်ကြည့်တယ်။ပီးတော့ပြန်လှည့်
သွားတယ်။တစ်နေကုန်ပဲ...ရိပေါ်ဘယ်သူနဲ့မှ
စကားမပြောဖြစ်ဘူး။သူ့ဘေးကကောင်လေး
ကလည်းသူ့ကိုစကားမပြောဘူး။ဒါပေမယ့်
သူ့နောက်ခုံကဟောက်ရွှမ်းဆိုတဲ့တစ်ယောက်နဲ့တော့စကားတွေတော်တော်ပြောတယ်။အရမ်း
ခင်ကြတယ်ထင်ပါရဲ့။သူတို့ကဘယ်သွားသွား
တပူးတွဲတွဲပဲ‌။‌

ကျောင်းအသစ်ကိုစပြောင်းတဲ့ပထမဆုံးရက်မှာပဲရိပေါ်ကသူ့ရင်ကိုအခုန်မြန်စေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ ခဲ့တယ်။တစ်နေကုန်လည်း
ဘေးချင်းကပ်ထိုင်ရင်းတိတ်တဆိတ်ရင်ခုန်နေ
ခဲ့ပြန်ပါတယ်...။

ကောင်လေးရဲ့နာမည်က‌ရှောင်းကျန့်တဲ့....။

Note||

စပရိုက်အကြီးစားကွ!!ယေး!!စာရှည်မယ်^_^။
ကိုယ့်မှာယူတို့ကိုပေးစရာစပရိုက်ဆိုလို့ဒါပဲရှိလို့:'(
Chayလေးကိုလွမ်းလို့ဝမ်ရိပေါ်စကြိုက်သွားတဲ့
POV‌လေးလာ‌ရေး‌ပေးတာ။Extraတွေယူတို့
မျှော်နေမှန်းသိပေမယ့်ကိုယ်တစ်ကယ့်ကိုမအားလို့ပါ။ရေးလက်စတွေလည်းမရေးအားဘူးရယ်!အကြွေးတွေတော့ပိနေပီ :-( ။ကဲ,နောက်ထပ်ဖတ်ချင်သေးရင်တော့မိုတီတွေပေးကြနော်။တကယ်တော့အိုင်ကြိုက်တာက
မန့်>.< ။မပေးလည်းချစ်ပါတယ်နော်💫💛။

ပီး...ယူတို့ကိုယ့်ရဲ့ဘေဘီအသစ်လေးတွေဆီ
အလည်လာကြပါဦး။ဖတ်တဲ့လူနည်းနေလို့:'(။ကျန်တာ‌တွေလည်းChayလိုပဲကောင်းပါတယ်။ကြောင်တောင်တောင်လေးတွေဆိုပေမယ့်>.<။

နောက်ဆုံးတစ်ခုပြောဦးမယ်။LASTကိုစာအုပ်ထုတ်ချင်လို့(╥﹏╥)။
သိပါတယ်။အရေးအသားမကောင်း
ဇာတ်အိမ်မခိုင်တာ။ဒါပေမယ့်ကိုယ်ရေးထားတာ
လေးကိုသိမ်းထားချင်တာ။အဲ့စာအုပ်ထဲက
ဟန့်ကိုထွေးပွေ့ထားချင်တာ။အရင်းအနှီးလည်း
မရှိ၊ဘာမှလည်းမသိဆိုတော့စိတ်ကူးတိမ်တိုက်
ကြီးပဲရှိပါတယ်။ဒါကယူတို့ကိုရင်လာဖွင့်တာ:'(။ကိုယ်အရမ်းတွေဖြစ်နေတာမလို့။

ကဲ...ကဲ...အာ့ဆိုနှုတ်ဆက်တော့မယ်။လေရှည်နေတာကိုဖတ်ပေးကြလို့ချစ်တယ်။

Love you all 💫💛

Você leu todos os capítulos publicados.

⏰ Última atualização: Jun 16, 2020 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

CHAY《completed》Onde histórias criam vida. Descubra agora