Chapter 09 ( Unicode )

Start bij het begin
                                    

ကျစ်ကျစ်ဆုပ်ထားတဲ့ လက်တွေနဲ့ စားပွဲပေါ်က ပန်းကန်တွေကို တွန်းချပစ်တော့ ကြမ်းပြင်က တစ်ဆင့်ခံ ပြန်စင်လာတဲ့ ပန်းကန်စက ပါးနုနုလေးပေါ် ကျတယ်။

သွေးစို့သွားတဲ့ ဒဏ်ရာနဲ့ သူက အသံကုန် အော်တယ်။
အသက်နဲ့မလိုက်တဲ့ နာကျင်မှုတွေက ပေါက်ကွဲထွက်လာလေရဲ့။ ဆင်တူဝတ်စုံဝတ်ထားတဲ့ အိမ်အကူအလုပ်သမားတွေဆွဲတော့မှ သူရပ်သွားတယ်။ နိမ့်လိုက် မြင့်လိုက်ဖြစ်နေတဲ့ ရင်အစုံနဲ့ သူငြိမ်သက်သွားတယ်။

ဒါက နာကျင်မှုကို သူနောက်ဆုံးချပြခဲ့ခြင်းပဲ။

...

" ရိပေါ်...စားလေ ကော လက်ရာက မကောင်းလို့လား..."

ရိပေါ်က ခေါင်းသာခါပြတယ်။ တူကိုင်ထားတဲ့ လက်တစ်စုံက အနည်းငယ် တုန်ယင်နေလျက်။

ပြိုလဲဟန်ပျက်နဲ့ နာကျင်နေတဲ့ ၁၀ နှစ်အရွယ်ကောင်လေးက သူ့မြင်လွှာထဲမြင်လာတော့ လွန်ခဲ့တဲ့ မိနစ်ပေါင်းလောက်က မြိုချထားသမျှ ပြန်ပျို့တတ်လာတယ်။

" ကော...သန့်စင်ခန်း ဘယ်နားမှာလဲ "

မျက်ခမ်းသားတွေနီရဲတတ်ပြီးတုန်ရင်နေတဲ့ရိပေါ်က
ရှောင်ကျန့်စိတ်ပူသွံားစေတယ်။

" ဒီကထွက်ရင် ညာဘက်ထောင့်မှာ "

ဘာမှပြန်မပြောဘဲ စားပွဲက ထပြေးထွက်သွားတော့ ရှောင်ကျန့်ပြေးလိုက်ရတယ်။ သန့်စင်ခန်းတံခါးကို ဆွဲဖွင့်ပေမယ့် ပွင့်မလာတာကြောင့် လော့ခ်ချလိုက်မှန်း သိလိုက်ရတယ်။

တံခါးကိုသာ ထုရင်း စိတ်ပူစွာနဲ့ ပြောရတော့တယ်။

" ရိပေါ်...ရိပေါ် ဘာဖြစ်လို့လဲ ရိပေါ် တံခါးဖွင့် "

ချောင်းဆိုးသံနဲ့အတူ အန်နေတဲ့အသံပါကြားနေရတဲ့အတွက်
ရှောင်ကျန့် ပိုစိတ်ပူလာမိတယ်။

" ရိပေါ်.."

သော့အပိုကိုသွားယူမို့လုပ်နေတုန်းမှာပဲ လော့ခ်ချထားတဲ့
တံခါးက ပွင့်လာတယ်။ မျက်ခမ်းအနားသတ်တွေက
နီစွေးစွေးဖြစ်နေပြီး မျက်နှာတစ်ခုလုံး ဖြူစွတ်နေတဲ့ ရိပေါ်က မျက်ဝန်းသေတွေနဲ့ ကြည့်တယ်။

Douleurs Rouges  [ Completed ]Waar verhalen tot leven komen. Ontdek het nu