ဒီကမ္ဘာသည် အရင်ကမ္ဘာနှင့်တူသည့် ခေတ်သစ်ကမ္ဘာအမျိုးအစားတစ်ခုပင်။
အမျိုးသမီးဇာတ်လိုက်ဖြစ်သည့် လုရှီကျီသည် သူမဘယ်ကိုရောက်နေနေ အကုန်လုံးကမြင်မြင်ချင်းနှစ်သက်သဘောကျသွားနိုင်သည့် ကြာပန်းဖြူလေးဖြစ်သည်။ သူမ၏အလှသည်စာဖွဲ့လို့ပင်မမှီနိုင်သည့်မပြင် သူမသည်ထက်မြက်ပီး ကြင်နာတတ်သူလည်းဖြစ်လေသည်။ ထို့ကြောင့် သူမ H&R ကုမ္ပဏီကိုဝင်လာသည့်အချိန်မှာတော့ သူမအား လုပ်ဖော်ကိုင်ဖက်အားလုံးက နွေးထွေးစွာကြိုဆိုကြပီး တစ်နှစ်အတွင်းမှာပဲ သူမသည် H&Rဥက္ကဌ၏အတွင်းရေးမှူးအဖြစ်ရာထူးတိုးခံရသည်။
ဘယ်လိုဖြစ်ပီးတော့လဲလား? ဘာလို့ဆို ဒီကမ္ဘာရဲ့အမျိုးသားဇာတ်လိုက် ဟန်ဂျီဝမ်တခြားလုပ်စရာမရှိသောကြောင့် ကုမ္ပဏီဥက္ကဌဖြစ်ပါရဲ့နှင့် အမျိုးသမီးဇာတ်လိုက်အလုပ်လုပ်သည့်ဌာနတွင် သူ့ကိုသူအဖွဲ့ခါင်းဆောင်အဖြစ် ဟန်ဆောင်ကာ အလုပ်ဝင်လာသည်လေ။
ဒါကြောင့် ဒီလိုကနေပီး သူသည် အမျိုးသမီးဇာတ်လိုက်ကိုစတင်ပီးသိရှိသွားကာ သူ့နဂိုရာထူးဆီပြန်သွားသည့်ချိန်မှာတော့ သူမကိုပါ သူနှင့်တစ်ခါတည်းခေါ်သွားတော့သည်။
အစပထမတွင်တော့ လုရှီကျီသည် မိန်းကလေးတွေကို အဝတ်လဲနေသလိုမျိုး မျှာပွေသည့်ဇာတ်လိုက်အားလက်မခံချင်ပေ။ သို့ပေမယ့် သူမသည် ဇာတ်လိုက်၏ဆွဲဆောင်မှုအား အဘယ်သို့ခံနိုင်ရည်ရှိပါမည်နည်း။ ထိုကြောင့် သူမသည် ဇာတ်လိုက်၏ကျော့ကွင်းအတွင်းသို့ကျဆင်းသွားကာ အစားခံလိုက်ရလေသည်။ တစ်ရက်တွင်တော့ သူမသည် ဟန်ဂျီဝမ်မှ သူ့သူငယ်ချင်းနှင့်ပြောနေသည့်စကားကို အမှတ်မထင်ကြားလိုက်ရသည်။ ဟန်ဂျီဝမ်သည် သူမအား ကစားနေကြောင်းသာ အပျော်အနေဖြင့်ပြောလိုက်သည်။ ထိုစကားကိုကြားလိုက်ရသည့် လုကျီရှီသည် သူမကိုယ်သူမအလွန်အရှက်ရသွားကာ ဟန်ဂျီဝမ်၏လက်မှတ်အတုဖြင့် နှုတ်ထွက်စာတင်ပီး ထွက်သွားလိုက်သည်။
ဟန်ဂျီဝမ်သည် သူမပျောက်သွားမှသာ သူ့ခံစားချက်တွေကိုနားလည်သွားပီး သူမအားနေရာအနှံ့ရှာလေသည်။ ၃လကြာပီးနောက်မှာတော့ သူမအားပြန်တွေ့လိုက်ရပီး သူမသည် သူ့ကလေးအား ကိုယ်ဝန်လွယ်ထားရသည်ကိုအံ့သြစွာတွေလိုက်ရသည်။ ဒါကြောင့် သူသည်သူမအား အနူးအညွှတ်တောင်းပန်ပီး သူ့အားလက်ထပ်ဖို့တောင်းဆိုလေသည်။