"ကောင်းပြီ... ငါတို့ ခံပစ်ပေးထားမယ် ဒီဘက်ကိုလာခဲ့တော့"

"ဟုတ်..".....ထိုအချိန်...

"ဂျက်...ဂျက်...ဂျက်......ဂျက်...ဂျက်..."

အားလုံးရဲ့အကြည့်က ကောင်းကင်ပေါ်ကို

"ဘယ်က helicopterလဲ ရန်သူတွေဘက်ကလား.. "

"မဟုတ်ပါဘူး ဗိုလ်ကြီး ရှန်ဟိုင်းက ဆရာဝန်အဖွဲ့ပါ... "

အမှန်တော့ yb သူတို့လာမှာ ကြိုမသိခဲ့ပါ...လာမယ်လို့ အကြောင်းကြားထားတာရှိပေမဲ့ ဒီချိန်ကြီးရောက်လာမယ်လို့ ဘယ်သူထင်မိမှာလဲ...တိုက်ပွဲကလည်း အရှိန်မသေသေးတာကြောင့် ဗိုလ်ကြီး yb ဒေါသထွက်သွားခဲ့ပြီး...

"ဘာ...ဒီချိန်ကြီး ဘာလာလုပ်ကြတာလဲ... ဒီမှာတိုက်ပြွဲဖစ်နေတာ မင်းအကြောင်းပြန်မကြားဘူးလား ဝမ် နင်း.... "

"ကျွန်တော် ပြောလိုက်ပါတယ် ဒါပေမဲ့ သူတို့ကပြန်လှည့်လို့မရတော့ဘူးတဲ့ ဆီလည်းမလောက်တော့ဘူး လို့ပြောပါတယ်... "

"အဲတာဆို သူတို့ကို အခြေစိုက်စခန်း ဆင်းခိုင်းလိုက် .."

"မရလောက်တော့ဘူး ဗိုလ်ကြီး သူတို့ နောက် နာရီဝက်လောက်နေရင် ဆီကုန်တော့မယ်... "

အခြေစိုက်စခန်းနဲ့ တိုက်ပွဲဖစ်တဲ့နေရာနဲ့က ကြားထဲ တောအုပ်တစ်အုပ်စာလောက်အလှမ်းဝေးသေးသည် ။ စခန်းအ ပျက်အဆီးနည်းအောင်သာ သူတို့ ရန်သူတွေကို အဝေးမျှားခေါ်ပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

"ဟာ...အကုန် မသာပေါ်ကုန်တော့မှာပဲ.... ဝမ်နင်း မင်း သူတို့ကိုလှမ်းအကြောင်းကြားလိုက်... ပေ 1500 အောက်ကို လုံးဝ မနှိမ့်နဲ့...ပြီးတော့ ပါလာတဲ့ ဆရာဝန်တွေကို လေထီးနဲ့ဆင်းခိုင်း အောက်ကနေ ငါတို့ သူတို့မထိခိုက်မိအောင် ကူပစ်ပေးမယ်... "

Yb အပြောကြောင့် ဘေးက တပ်သား ရှောင်လု လန့်ဖြတ်သွားပြီး....

"ဗိုလ်ကြီး အဆင်ပြေပါ့မလား သူတို့ဘက်က အင်အား..."

"ဆီပျက်ပြီး လေယဉ်ပျက်ကျသေတာထက်စာရင်တော့ သေနတ်မှန်သေတာကောင်းပါတယ် ..."

Yb ရဲ့ ဒုံးတိတိနဲ့ စိတ်မရှည်ဖွယ်စကားကြောင့် တပ်သားရှောင်လု ကြက်သီးများပင်ထသွားသလို..။သူတို့ ဗိုလ်ကြီး အကြောင်း သူတို့အသိဆုံးလေ...အလုပ် တစ်ခုခုဆို အစီစဉ်တကျနဲ့ သေချာလေး စဉ်းစားပြီးမှ ဆုံးဖြတ်တတ်တာ.. ခု ဟက်စကီးကိစ္စကိုတော့ သူစိတ်မရှည်ချင်ဘူးထင်ပါ့ ...အစကတည်းက ဆီလုံလုံလောက်လောက်ဖြည့်မထား သော လေယဉ်ကိုပဲ အပြစ်တင်ရမလိုပဲ...

စစ်မြေပြင်မှ ချစ်တေးတစ်ပုဒ်Where stories live. Discover now