ဒုတိယအတွဲ Part 10

ابدأ من البداية
                                    

" မဟုတ်ဘူး ပါး..သားကကျွန်တော့်ကို အထင်လွဲနေတာ "

" နောက်မှဖြေးဖြေးပြော အခုမြေးလေးစိတ်ချမ်းသာအောင် လုပ်ပေးလိုက် "

" ဟုတ်ကဲ့ "

ဦးကောင်းရန်အပြင်ထွက်သွားတော့ နန်အန်သခင်ကြီး သူမြေးလေးပါးကို ကိုင်ကာ

"တော်တော်ပိန်သွားတာပဲ
ဖိုးဖိုးကိုပြောပြပါဦး သားသူငယ်ချင်းအကြောင်း "

Yibo ပြုံးကာ ဖြစ်ခဲ့သမျှကို
အားရပါးရပြောလိုက်သည်။

" ဝေ့ရင်း! "

ဝေ့ရင်းကိုခေါ်တော့ ဝေ့ရင်းကုတင်ပေါ်မှာ ထိုင်လိုက်တော့

" ထိုင်လို့ကောင်းတယ် သခင်လေး "

ဝေ့ရင်းရယ်တော့ Yiboပါပြုံးမိသည်။

" ဖိုးဖိုး သူကိုအခန်းသပ်သပ် စီစဉ်ပေးစရာမလိုဘူး ကျွန်တော့်အခန်းထဲမှာပဲ ကုတင်တစ်လုံး ထည့်ပေးရင်ရပြီ "

" မြေးလေးက ဘယ်သူနဲ့မှ တစ်ခန်းထဲ အတူတူမနေတက်ဘူးလေ အဆင်ပြေပါ့မလား "

" ဟုတ်ကဲ့ "

" အဲ့တာဆို မြေးလေးနားလိုက်ဦး ဖိုးဖိုးအကောင်းဆုံး မွေ့ယာနဲ့ကုတင်မှာပေးမယ် "

" ဟုတ်ကဲ့ "

ဖိုးဖိုး ထွက်သွားတော့ ဆေးသွင်းထားတဲ့ဘက်ကို တိုးလိုက်ပြီး

" ဝေ့ရင်း!..ငါ့နားလာလှဲ "

"ကျွန်တော့်မလှဲတော့ပါဘူး "

" လှဲလိုက်ပါ တစ်ရေးလောက်အိပ်လိုက် အစ်ကိုဝေ့ရင်း "

" စစ်ကျွေးကရော "

" ကျွန်တော့်နာမည် အားယွင်ပါ ကျွန်တော့်က ဆိုဖာပေါ်မှာပဲထိုင်ပြီးဆေးကုန်တဲ့ထိ စောင့်ပေးရမှာ "

" အင်း "

" လာပါဆိုတစ်ရေးလောက်အိပ်.."

သခင်လေး စကားအဆုံးထိအောင်မပြောနိုင်ပဲ အိပ်ပျော်သွားသည်။ ကျွန်တော့်သခင်လေးဘေးမှာ လှဲရင်း သခင်လေးဘက်လှည့်ကာ သခင်လေးမျက်နှာကို ငေးမောစွာ ကြည့်နေမိသည်။ ကြည့်နေရင်းကြည့်နေရင်း သူပါအိပ်စက်ချင်းဆီသို့..

☀️☀️☀️☀️

ဝေ့ရင်းနိုးနိုးခြင်းသခင်လေးနဖူးကို လာကိုင်တဲ့လူကို တွန်းလွှတ်လိုက်သည်။

" မင်း "

ဒေါ်ယွင်းယုံတွန်းချခံလိုက်ရတာကြောင့် ချက်ခြင်းထလာပြီး ဝေ့ရင်းကို ပါးချလိုက်သည်။

" အဒေါ်ကြီး!! "

ဘုန်းကနဲ့အသံကြောင့် Yibo နိုးလာပြီး မျက်စီဖွင့်လိုက်တဲ့ အချိန်မှာ ဝေ့ရင်းကို ပါးချလိုက်တဲ့ ဒေါ်ကြီးကို တွေ့ပြီး တွန်းချလိုက်သည်။

" အဟင့်...ဟင့် "

အဒေါ်ကြီးက ရုတ်တရက်အသံပြဲစွာ
ထငိုနေသည်။

" သားလေး ဘာဖြစ်တာလဲ "

" အစ်ကိုလေး! "

ဆူညံသံတွေကြောင့် ပါးပါးအပြင်လူအားလုံးဝင်လာသည် ယူမီက သူအမေကိုထူကာ ဒေါကမျက်ဝန်းနဲ့ Yiboကို ကြည့်နေသည်

♥♥♥ဆက်ရန်

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ပင်လယ်မင်းသားလေးحيث تعيش القصص. اكتشف الآن