prolog (z/u)

11.7K 776 38
                                    

Red Riding Hood
______________

Little Red… fell……for the Wolf…

……………

" ဟိုးေရွးေရွးတုန္းကေပါ့……အနီေရာင္ ျခံဳလႊာေလးကို အျမဲဝတ္တဲ့ကေလးေလးတစ္ေယာက္ရွိတယ္တဲ့…  ဒါေၾကာင့္ သူ႔နာမည္ကို ျခံဳလႊာနီေလး လို႔ ေခၚတာေပါ့… "

ႏႈတ္ခမ္းပါး နီနီေထြးေထြးေလးဟာ နုနုညံ့ညံ့လႈပ္ရွားေနတယ္…။

"တစ္ရက္မွာ ၿခံဳလႊာနီေလးဟာ အဘြားရဲ႕ အိမ္ကို ၾကက္ဥေလးေတြ ပို႔ဖို႔ လာခဲ့တယ္…လမ္းေလးက ေတာနက္ႀကီးရဲ႕ ေဘးကေန ျဖတ္သြားတယ္ တဲ့… ပန္းေလးေတြကို ခ်စ္တဲ့ ျခံဳလႊာနီေလးဟာ ပန္းလွလွေလးေတြကို လိုက္ခူးရင္း ေတာနက္ထဲကိုေရာက္သြားတာေပါ့……
ျခံဳလႊာနီေလးမသိတာတစ္ခုက ဘာလည္း သိလား…အဲ့ေတာထဲမွာ မ်က္လံုးနီနီေတြနဲ႔ ဝံပုေလြႀကီးေနတယ္ တဲ့ေလ… "

လက္သြယ္သြယ္ေလးက ေလးေထာင့္ဆန္ဆန္နားရြက္ေလးရဲ႕အေပၚမွာ ငြားငြားစြင့္စြင့္ပြင့္ေနတဲ့  နွင္းဆီနီနီေလးကို ဖြဖြေလး တို႔ထိေနတယ္… ။

"ေတာနက္ထဲကို ေရာက္သြားတဲ့ ျခံဳလႊာနီေလးဟာ ဝံပုေလြႀကီးနဲ႔ ဆံုတာေပါ့…မ်က္လံုးနီေတြထဲမွာ ရက္စက္မႈေတြအျပည့္နဲ႕အနက္ေရာင္ ဝံပုေလြႀကီးဟာ ၾကမ္းၾကမ္းတမ္းတမ္း ဟိန္းေဟာက္လိုက္တယ္…* ငါ့နားက ထြက္သြား…… မဟုတ္ရင္ ငါ မင္းကို စားမိေတာ့မွာ…  *  တဲ့ေလ…… "

စကားေျပာရတာေမာဟန္ နဲ႔ ခဏနားလိုက္တဲ့ႏႈတ္ခမ္းေလးက ျပံဳးလို႔… ။

"ျခံဳလႊာနီေလး နဲ႔ ဝံပုေလြႀကီး မ်က္လံုးခ်င္းဆံုမိၾကတယ္… ျခံဳလႊာနီေလးဟာ မ်က္ဝန္းနီနီေတြထဲက တစ္စံုတစ္ခုကို ျမင္လိုက္တယ္… ေအးစက္ျပီး ခ်မ္းတုန္ေစတဲ့ အဲ့အရာကို အထီးက်န္ျခင္း လို႕ ေခၚတယ္ … ဘာဆက္ျဖစ္သြားလည္း သိလား…"

ေခါင္းေလးကို ခါယမ္းလိုက္တဲ့အခါ ဆံသားနက္ေလးေတြ ခါယမ္းလို႕သြားတယ္… ။ႏႈတ္ခမ္းေလးကို စူးစိုက္ၾကည့္ေနတဲ့ မ်က္ဝန္းနီတစ္စံုမွာ အရည္ၾကည္ေလးေတြ လဲ့လို႕ … ။

"ျခံဳ လႊာနီေလးဟာ ဝံပုေလြႀကီးရဲ႕ လက္သည္းေတြၾကားကို ေက်ေက်နပ္နပ္ႀကီး က်ဆင္းေပးခဲ့တယ္ တဲ့ေလ…… "

____________ prolog

.
.
.
unicode
.
.
.

Red Riding Hood
______________

Little Red… fell……for the Wolf…

……………

" ဟိုးရှေးရှေးတုန်းကပေါ့……အနီရောင် ခြုံလွှာလေးကို အမြဲဝတ်တဲ့ကလေးလေးတစ်ယောက်ရှိတယ်တဲ့…  ဒါကြောင့် သူ့နာမည်ကို ခြုံလွှာနီလေး လို့ ခေါ်တာပေါ့… "

နှုတ်ခမ်းပါး နီနီထွေးထွေးလေးဟာ နုနုညံ့ညံ့လှုပ်ရှားနေတယ်…။

"တစ်ရက်မှာ ခြုံလွှာနီလေးဟာ အဘွားရဲ့ အိမ်ကို ကြက်ဥလေးတွေ ပို့ဖို့ လာခဲ့တယ်…လမ်းလေးက တောနက်ကြီးရဲ့ ဘေးကနေ ဖြတ်သွားတယ် တဲ့… ပန်းလေးတွေကို ချစ်တဲ့ ခြုံလွှာနီလေးဟာ ပန်းလှလှလေးတွေကို လိုက်ခူးရင်း တောနက်ထဲကိုရောက်သွားတာပေါ့……
ခြုံလွှာနီလေးမသိတာတစ်ခုက ဘာလည်း သိလား…အဲ့တောထဲမှာ မျက်လုံးနီနီတွေနဲ့ ဝံပုလွေကြီးနေတယ် တဲ့လေ… "

လက်သွယ်သွယ်လေးက လေးထောင့်ဆန်ဆန်နားရွက်လေးရဲ့အပေါ်မှာ ငွားငွားစွင့်စွင့်ပွင့်နေတဲ့  နှင်းဆီနီနီလေးကို ဖွဖွလေး တို့ထိနေတယ်… ။

"တောနက်ထဲကို ရောက်သွားတဲ့ ခြုံလွှာနီလေးဟာ ဝံပုလွေကြီးနဲ့ ဆုံတာပေါ့…မျက်လုံးနီတွေထဲမှာ ရက်စက်မှုတွေအပြည့်နဲ့အနက်ရောင် ဝံပုလွေကြီးဟာ ကြမ်းကြမ်းတမ်းတမ်း ဟိန်းဟောက်လိုက်တယ်…* ငါ့နားက ထွက်သွား…… မဟုတ်ရင် ငါ မင်းကို စားမိတော့မှာ…  *  တဲ့လေ…… "

စကားပြောရတာမောဟန် နဲ့ ခဏနားလိုက်တဲ့နှုတ်ခမ်းလေးက ပြုံးလို့… ။

"ခြုံလွှာနီလေး နဲ့ ဝံပုလွေကြီး မျက်လုံးချင်းဆုံမိကြတယ်… ခြုံလွှာနီလေးဟာ မျက်ဝန်းနီနီတွေထဲက တစ်စုံတစ်ခုကို မြင်လိုက်တယ်… အေးစက်ပြီး ချမ်းတုန်စေတဲ့ အဲ့အရာကို အထီးကျန်ခြင်း လို့ ခေါ်တယ် … ဘာဆက်ဖြစ်သွားလည်း သိလား…"

ခေါင်းလေးကို ခါယမ်းလိုက်တဲ့အခါ ဆံသားနက်လေးတွေ ခါယမ်းလို့သွားတယ်… ။နှုတ်ခမ်းလေးကို စူးစိုက်ကြည့်နေတဲ့ မျက်ဝန်းနီတစ်စုံမှာ အရည်ကြည်လေးတွေ လဲ့လို့ … ။

"ခြုံ လွှာနီလေးဟာ ဝံပုလွေကြီးရဲ့ လက်သည်းတွေကြားကို ကျေကျေနပ်နပ်ကြီး ကျဆင်းပေးခဲ့တယ် တဲ့လေ…… "

____________ prolog

Вы достигли последнюю опубликованную часть.

⏰ Недавно обновлено: Aug 12, 2022 ⏰

Добавте эту историю в библиотеку и получите уведомление, когда следующия часть будет доступна!

RED RIDING HOOD |[ Editing ]| (Z/U)Место, где живут истории. Откройте их для себя