INFINITY - 1
3.9K 148 4
(Zawgyi Code )
[သက္ကရာဇ်​ 2018 ခုနှစ်​ ]
တစ်​​ယောက်​တစ်​​ပေါက်​ဖြင့်​ ဆူညံ​နေ​သော meeting roomထဲရှိ shareရှင်​များကို ဘုန်းသခင်​ တိတ်​တဆိတ်​သာ ထိုင်​ကြည့်​​နေလိုက်​သည်​။
Project တစ်​ခုအတွက်​ ​မြေ​နေရာဝယ်​သည့်​ကိစ္စတွင်​ နှစ်​ဖွဲ့ကွဲ​နေကြခြင်းဖြစ်​သည်​။ဆူညံမှူတို့​ကြောင့်ေ​ပြပြစ်​​သောနှဖူးပြင်​ထက်​မှ ​ဖြောင့်​တန်း​နေသည့်​ မျက်​ခုးံနှစ်​ခုမှာ တွန့်​ချိုး​နေကာ ဗန်​ဒါ​စေ့သဖွယ်​ မျက်​စံရှည်​ရှည်​တို့တွင်​ အလိုမကျမှူတို့ထင်​ဟပ်​​နေသည်​။
     "အဲ့ဒီ​တော့ CEO ဆိုလိုချင်​တာက အဲ့ဒီ့​မြေ​နေရာကို projectအသစ်​အတွက်​ သုးံမယ်​​ပေါ့"
     "ကျွန်​​တော်​ ဘယ်​နှစ်​ခါရှင်းပြ ရအုးံမလဲ ဦးထွန်းမြင့်​ "
     "မဟုတ်​ပါဘူး CEO ကျွန်​​တော်​​ပြောချင်​တာ နယ်​ဘက်​ဆို​တော့ ကျွန်​​တော်​တို့အသစ်​​ဆောက်​မဲ့ hotelနဲ့အဆင်​မ​ပြေ​လောက်​ဘူးထင်​လို့ပါ"
    "ဘယ်​လိုအဆင်​မ​ပြေတာကို ​ပြောချင်​တာလဲ"
လက်​တစ်​ဖက်​ကို စားပွဲ​ပေါ်တင်​ကာ လက်​​ချောင်းရှည်​တို့ဖြင့်​ စားပွဲကို​ခေါက်​ကစားရင်း စကား​ထောက်​​ပေးလိုက်​သည်​။
   "အဓိကက​​တော့ လူမစည်​မှာကိုစိုးရိမ်​တာပါ hotel ဆိုတာ တည်းတဲ့သူရှိမှ ဝင်​​ငွေရှိမှာ​လေ တကယ်​လို့ လူမဝင်​ရင်​ ကျွန်​​တော်​တို့ထည့်​ထားတဲ့ ပိုက်​ဆံ​တွေ အလဟာသ ဖြစ်​ကုန်​မှာစိုးလို့ပါ"
ထိုအခါ တစ်​ချို့လူများကပါ တီးတိုး​ထောက်​ခံကုန်​ကြသည်​။နောက်​ဆုးံ​တော့လည်း သူတို့လက်​မခံနိုင်​ကြတာ သူတို့​ငွေ​တွေ​ကြောင့်​ပဲ​လေ။
INFINITYWhere stories live. Discover now