( ၄ )(U+Z)

2.5K 179 1
                                    

Uni.

ရက်၊ လ၊ နှစ်တွေပြောင်းလာခဲ့သည်မှာ အငယ်မတောင် စာမေးပွဲအောင်စာရင်းထွက်လာခဲ့ပြီ။

မိန်းကလေးဖြစ်တာရယ်၊ နောက်ပြီး ညီအလှည့်တုန်းကလိုမျိုး စိတ်မပူချင်တာကြောင့် ကိုယ်တိုင်ပဲသွားကြည့်ဖြစ်သည်။

လူများစွာတိုးကြိတ်နေတဲ့အထဲ မနည်းတိုးဝှေ့ကာ သံဇကာကာထားတဲ့စာရွက်လေးတွေကြား အသည်းသန်ရှာဖွေနေမိတာ ကိုယ်မြင်ချင်တဲ့နာမည်လေးတစ်ခု။

မျက်စိရှေ့တင် ကြိုးစားတယ်ဆိုတာကို မြင်တွေ့နေရပါသော်လည်း တာဝန်အရစိတ်မအေးနိုင်။

ဒုတိယကြိမ် ရင်ခုန်မိခြင်း၊ မခိုင်တော့တဲ့ခြေထောက်တို့က အနည်းငယ်ခွေကျနေပြီမို့ ပြန်လည်ကာ အားတင်းထားလိုက်သည်။ နောက်ဆုံးအထိ အငယ်နှစ်ယောက်သည် သူ့အားစိတ်မပျက်စေခဲ့။

" ကိုကို ဘယ် ဘယ်လိုလဲဟင် ညီမ ညီမလေး..အောင်လား ဟင်"

ခြံထဲဝင်လိုက်တာနဲ့ လက်မောင်းကိုဆွဲကာ ဘေးနားက တစ်တွတ်တွတ်မေးနေတဲ့ ဖြူလေးကို စကားမပြောပဲ အိမ်ပေါ်တက်ပြီး ထိုင်ခုံပေါ်ထိုင်နေလိုက်သည်။ ဘေးနားက ညီကတော့ ဘာမှမပြောပဲ ကြည့်ပဲကြည့်နေတော့သည်။

ဒါပေမယ့်လည်း သိချင်စိတ်ပြင်းပြနေသော ညီနဲ့မျက်နှာချင်းဆိုင်မိတော့ နားထင်တို့ကို လက်မနဲ့လက်ခလယ်တို့ဖြင့်ဖိနှိမ်ဟန်ဆောင်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ ညီက ပြုံးရုံသာပြုံးပြသည်။

" ကိုကို ပြောပြအုန်း၊ အဲ့လိုကြီး မနေပါနဲ့ ဖြေပါအုန်း၊ ဖြူ အောင်လားလို့"

ဘေးနားလိုက်ထိုင်ရင်း စိုးရိမ်စိတ်တွေနဲ့ မျက်ဝန်းလေးတစ်ခုကြောင့် မစဖို့ရည်ရွယ်ထားပေမယ့်လည်း။

" ကိုကို စိတ်မကောင်းပါဘူး ညမလေး"

" အီး..ဟင့်....ကိုကို ညမလေး တောင်းပန်ပါတယ်...ကိုကိုက ပင်ပင်ပန်းပန်း ရှာဖွေကျွေးမွေး ခဲ့တာတောင် ညီမလေး ဘက်က တာဝန်မကျေဘူး၊ ဆယ်တန်းလေးတောင် အောင်အောင် မဖြေနိုင်ဘူး။"

စချင်လို့..စိတ်မကောင်းပါဘူးလို့ တစ်ခွန်းလေး ပြောလိုက်တာကို ရှိုက်ကြီးတစ်ငင်ငင် ထငိုသော ညီမလေးကြောင့် ရှင်းသန့်နောင် ဟန်မဆောင်နိုင်တော့ပဲ အသဲသန် ဖြေရှင်းရတော့သည်။

1500+528 ၀ဋ် ( U+Z)Όπου ζουν οι ιστορίες. Ανακάλυψε τώρα