သူ message ပို့ထားတဲ့လိပ်​စာအတိုင်း ​မောင်းလာခဲ့
လိုက်​သည်​~~~

ကားကို ကားပါကင်​မှာရပ်​ထားခဲ့ပြီး Message ပို့ထားတဲ့ တိုက်​ခန်းနံပါတ်​အတိုင်း တက်​လာခဲ့လိုက်​သည်​~~~

သိပ်​မကြာလိုက်​~~~

အခန်း​ရှေ့မှာ (31) ဆိုတဲ့ နံပါတ်​ကြီးတပ်​ထားတဲ့
တိုက်​ခန်းဆီသို့~~~

သူ့အ​တွေးထဲမှာ​တော့ အဲ့​ကောင်​​လေး သူ့ကို​တွေ့ရင်
လာ​ပြေးဖက်​မှာကျိန်း​သေ!

မိုးခြိမ်းလို့ အရမ်း​ကြောက်​​နေမဲ့ ရုပ်​ကြီးကို စိတ်​ထဲ
မြင်​မိကာ ပြုံးလိုက်​မိသည်​~~

ကမန်းကတန်းထွက်​လာခဲ့တာ သူကိုယ်​တိုင်​လဲ
အင်္ကျီလက်​ပြတ်​​လေးသာ ၀တ်​လာခဲ့မိသည်​မို့
အနည်းငယ်​​တော့ ချမ်းမိသည်​~~

ကိစ္စမရှိ~~~အထဲ​ရောက်​မှ အဲ့​ကောင်​​လေးကို
တ၀ကြီးဖက်​လိုက်​ရင်​ ​နွေး​နေမှာ~~~

"​ဒေါက်​! ​ဒေါက်​! ​ဒေါက်​!"

မိုးက​တော့ အပြင်​မှာ အခုထိမစဲနိုင်​​သေးဘဲ
ရွာလျက်​ပင်​!

***********

သူတံခါး​ခေါက်​သံကြားလို့ သွားဖွင့်​​ပေးလိုက်​သည်​~

"ဟမ်​! ဆူးခက်​နွယ်​"

"ဟုတ်​တယ်​​လေ! ဘာလဲ ရဲက ဆူးကို​တွေ့ရတာ
မ​တွေ့ချင်​ဘူးလား!

ဒီက​တော့ သူ့​​ဆေးရုံကို လိုက်​သွား​တော့ ​နေ
မ​ကောင်းလို့ ခွင့်​ယူထားတယ်​ဆိုလို့ အိမ်​ထိလာ
ကြည့်​တဲ့ဟာကို!"

အသံက​တော့ ထုံးစံအတိုင်း~~ရုံးပတီသီးထက်
ချွဲပျစ်​တဲ့အသံနဲ့~~~

"Imm, အဲ့လိုမဟုတ်​ပါဘူးဟ! နင်​ကလဲ!"

"အာ့ဆိုဖယ်​! အထဲဝင်​မယ်​!"

"Imm"

ပြောကာ အထဲကို အတင်းတိုးဝင်​သွားတဲ့
ဆူးခက်​နွယ်​!

အချိန်​ကြည့်​​တော့ ည​နေ၆နာရီ​တောင်​ ရှိ​နေပြီ~~

သူအထဲလိုက်​၀င်​သွား​တော့ ဆိုဖာ​ပေါ်မှာထိုင်
နေတဲ့ဆူးခက်​နွယ်​~~~

Butterfly(Completed)Where stories live. Discover now