ဘုရား​ရေ....အခုjeon jungkookက
ဘာကို​ပြောချင်​တာလဲ
အ​ခြေ​နေကသူ​မျော်​လင့်​ထားတဲ့
အ​နေအထားမျိုးမဟုတ်
ဘာဖြစ်​သွားလဲဆိုတာကို
သူ့ဦး​နှောက်​ကချက်​ချင်းလိုက်​မမှီ.....

Jungkookအသံကတကယ့်​ကို
တိုးတိုးတိတ်​တိ​တ်​​လေး
ဒဏ်​ရာရ​နေတဲ့
သတ္တ၀ါ​လေးတစ်​​ကောင်​မှာကြားရတဲ့
နာကျင်​မှုမျိုးကစကားသံနဲ့အတူကပ်​ပါလာတယ်​။

သူ​တအံတသြနဲ့ရင်ခွင်ထဲကေ​​န
ခေါင်း​မော့ကြည့်​​တော့
Jungkookကသူ့ကိုပြန်​ငုံကြည့်​တယ်​။
သူအရင်​​ပျော်​၀င်​ခဲ့ရတဲ့
အကြင်​နာအပြည့်နဲ့​​အကြည့်​မျိုးနဲ့
ဘာ​ဒေါသ​တွေဟန်​​ဆောင်​မှု​တွေမှမပါ
နဖူး​ပေါ်ကသူ့ဆံပင်​​တွေကို သပ်​​ပေးရင်း
သူ့ကိုနူးနူးညံညံပြုံးပြပြန်​တယ်။

ဒါ​ပေမယ့်
ဘယ်​ဘက်​ပါးပြင်​​ပေါ်က
မျက်​ရည်​စီး​ချောင်းနဲ့အတူ
အံတင်းတင်းကြိတ်​ထားတာ​ကြောင့်
သွေးစို့​နေတဲ့နှုတ်​ခမ်း​တွေက​တော့
အရမ်းနာကျင်​​နေတယ်​ဆိုတာ
ဖော်​ပြနေသလိုပင်​....

"မင်းက...မင်းကငါ့ကို...."

သူတအံတသြနဲ့စကားသံဆက်​မထွက်​လာ...
မျက်​လုံး​တွေဝိုင်းစက်​ရင်း
သူjungkookကိုကြည့်​​နေမိတယ်
ဘာဆက်​​ပြောမရမလဲ သူမသိ​တော့.....။

"ကွာရှင်းမ​ပေးနိုင်​ပါဘူးKim Taehyung"

Jungkookမျက်​နှာထားကလုံးဝကို
ဆုံးဖြတ်​ချက်​ခိုင်​မာ​နေတဲ့ပုံမျိုး
ပြောပြီးတာနဲ့သူ့ကိုရင်​ခွင်​ထဲထည့်​ကာ
သူအသက်​ရှုရကြပ်​လာသည်​အထိ
တင်း​နေ​အောင်​ဆွဲဖက်​ထားတယ်​။

"Jungkook...မင်း....
မင်းက.........."

"ချစ်​တယ်​ hyung...အရမ်းချစ်​တယ်​"

Jungkookရဲ့ဖွင့်​ဟ၀န်​ခံလိုက်​တဲ့စကား​ကြောင့်
သူ​ချောက်​နက်​နက်​ထဲကို
ပြုတ်​ကျသွားသလိုခံစားလိုက်​ရတယ်​။
ပျော်​တာ​ရယ်​ အံသြတာရယ်
ဝမ်းနည်းတာရယ်​ ခံစားချက်​အားလုံး​ပေါင်းကာ
Jungkookရင်​ခွင်​ထဲမျက်​နှာအပ်​ပြီး
သူအင့်​ခနဲငိုချလိုက်​မိ​တယ်​။

Behind Every Mask { COMPLETED }Opowieści tętniące życiem. Odkryj je teraz