သူက​တော့ ​Oh group ရဲ့ဆက်​ခံသူ Oh Sehun ။

ဘယ်​​လောက်​​ချေသလဲဆို အ​ချေတကာ့အ​ချေ အ​ချေထွဋ်​​ခေါင်​ အရှင်​​သခင်​ကြီးလို့ တင်​စား၍ပင်​လွန်​မည်​မထင်​။

နာမည်​​တောင်​ Oh SehunမှOh Se​ချေ ဟု​ပြောင်းသင့်​သည်​ 😪 ။

'ဒါနဲ့ သား​လေး fan fan '

မား မျက်​နှာသည်​ ဖိုးလဝန်းလို ဝင်းပကာ ကျွန်​​တော့်​အား​မျှော်​လင့်​ချက်​​ရောက်​ခြည်​ သန်း​နေ​​သော မျက်​ဝန်းများနှင့်​ ရွှန်းရွှန်းစားစား ကြီးကြည့်​လာသည်​။သေချာတယ်​ က​နေဒါက​နေ ​ချွေး​မရှာလာပြန်​ပြီ 😫

မားဟာ​လေ တစ်​နိုင်​ငံသွားတစ်​​ယောက်​ ​ရှာလာ ကျွန်​​တော်​ကလဲ ခပ်​ပြတ်​ပြတ်​ပဲ ရှာလာသမျှအကုန်​ ငြင်းသည်​ ။ ဒါ​တောင်​ မားက ဇွဲမ​လျော့နိုင်​​သေး 😕..

အရင်​တစ်​ခါကလဲ အိန္ဒိယ သွားပြီး ပြန်​လာတာ ကုလားမတစ်​​ယောက်​​ရှာလာလို့ ကျွန်​​တော့်​မှာ ဆူပူ​သောင်းကျန်း၊ ကြမ်းပြင်​မှာ​ခြေဆင်းငိုပြီးပါ ငြင်းလိုက်​ရ​သေး 😣 ။

ကျွန်​​တော့်​လိုဖြူ​ ​ဖွေး​ဖွေး ​လေးကိုများ မား မလို့ ကိုယ့်​သားကိုယ်​ 😭 ။

'ဟာဗျာ မား ရာ အခု​ရော ဘယ်​သူလဲ ကျွန်​​တော်​ အိမ်​​ထောင်​မပြုချင်​​သေးပါဘူးဆို'

'အံမယ်​ သားရယ်​ ဒီတစ်​ခါ အဆင်​​လေးပါ ငါ့သားကြိုက်​သွား​စေရမယ်​'

အရင်​ဟာတွေတုန်းကလဲ မား ဒီအတိုင်း ​ပြောခဲ့တာပါပဲ
အချင်းချင်း ဂျင်းထည့်​​နေပြန်​ပြီ😑

'​ရော့ ဒီမှာ ဓာတ်​ပုံ'

မား​ပေးတဲ့ ပုံ​လေးယူကြည့်​လိုက်​​တော့ ။အွန်း... မဆိုးပါဘူး ​ရှေ့​ရော​နောက်​​​ရောပြည့်​စုံသား မျက်​နှာ​လေးကလဲ ထက်​ထက်​မြက်​မြက်​​ပုံ​လေး ။

ဒါ​ပေမယ့်​ ဘယ်​လိုမှမခံစားရဘူး 😐 ။
လှတဲ့​မိန်းက​လေး​တစ်​​ယောက်​ကိုမှ စိတ်​မလှုပ်​ရှားတဲ့ ကျွန်​​တော့ကိုယ်​ကျွန်​​တော်​ အံ့​တောင်​ဩလာသည်​ ။ မဟုတ်​မှ​ယောက်ျား​တွေကို စိတ်​ဝင်​စား​တာများလား😵 ။

What iz L.O.V.E ?? [Completed]Where stories live. Discover now