Zawgyi
ရောက်လာတဲ့ ဧည့်သည်တွေကို မြို့က သူတွေဆိုပြီးအရေးတယူကြိုဆိုနေကြတဲ့ Daddyတို့အလုပ်သမားတွေ
ပြုံးပန်းပွင့်နေတဲ့Daddyက သူ့မဟေသီကိုကားပေါ်ကချပေးတာတောင်ခါးကနေချီဟန်ပြုလိုက်သေးတာ ဒါမျိုးကျတော့သန်တုန်းမြန်တုန်း
အချင်းချင်းစနောက်နေကြတဲ့Yixing ရဲ့ပါးကလည်း အန်တီ့ကိုပွေ့ပြီးကားပေါ်ကချသည်
မျက်စိထဲတော့ အမေနှစ်ယောက်လုံးကအလတ်ကြီးတွေပါ
ကားပေါ်ကနေမဆင်းပဲကြည့်နေမိတဲ့Jun Myeon
အိတ်တွေသယ်နေတဲ့ အလုပ်သမားတွေဆီ ဆွဲယူပို့ပေးရင်း ဆင်းရန်ပြင်တော့ ကားအမြင့်ပေါ်ကဆင်းဖို့ ခုံကမရှိ
"လာ.." လက်လှမ်းပေးကာ ခေါ်တဲ့ Zhang Yixing
ဟိုဟိုဒီဒီအပိုစကားမပြောချင်တာကြောင့် လက်လှမ်းထည့်ကာ အားယူဆင်းလိုက်သည်
ဝှီး......ငါဟဲ့
မညီမညာမြေပြင်ကြောင့် လူကယိုင်ကျသွားတော့ ဟိုတရုတ်ကောင်လက်မောင်းတွေကြားမော့လျက်သားလေး
ငါ့နှယ်...မသိရင် စင်ဒရဲလားကပွဲရောက်နေတဲ့အတိုင်းပဲ
ခြေဆီထွက်တာကြောက့်ချွတ်ထားတဲ့ဖိနပ်တွေက လက်ထဲမှာကိုင်လျက်သားပင်
"ရလား...ဖြေးဖြေးဆင်းလေကွာ"
ဘာလည်းဒီကောင်က
ဒီလောက်လေးလုပ်ပေးရတာကိုငြိုငြင်တာလား
သောက်ညင်ကတ်စိတ်ကအစိုးမရဖြစ်လာတော့ ဇတ်ခနဲ ရုန်းကာရှောင်ထွက်လိုက်သည်
"မင့်အပူလားကွာ.။နေရာတကာပါတယ် ပွစိပွစိနဲ့ အဘွားကြီး.."
ဆူပွကာအော်ထွက်သွားတဲ့ ပေါက်စကောင်ကိုကြည့်ကာ ရယ်ရမောရ ကိုယ့်ဘဝဖြစ်နေတဲ့Yixing
ငါကအဘွားကြီးလိုပွစိပွစိလုပ်တယ်ပေါ့
ပြောပြချင်တယ် မင်းဆိုတဲ့အဘိုးကြီးအတွက် အရာရာပွစိပွစိလုပ်နေမဲ့အဘွားကြီးဖြစ်ချင်တာကိုလေ
DU LÄSER
Antidote(COMPLETED)
Romantikငယ်ငယ်လေးတုန်းက..ပညာရေးမှာပြိုင်ခဲ့ကြတယ်.....အရွယ်ရောက်တော့...နှလုံးသားချင်းပြိုင်ကြည့်ရအောင်......?? Cover by @byunasunapark00