[ F O U R T E E N ]

Start from the beginning
                                    

" တကယ်​​တော့ မင်းရဲ့​ဒေါ်​လေးက သူကိုယ်​တိုင်
ကား​ရှေ့ဝင်​ရပ်​ခဲ့တာ ၊ သူ့အပြစ်​​တွေ​ပဲထင်​ခဲ့တဲ့ပုံပဲ
နှစ်​နှစ်​လလ စု​ဆောင်းထားတဲ​ငွေ​တွေက သူ့​ကြောင့်
အလိမ်​ခံခဲ့ရတယ်​လို့​တွေးခဲ့တယ်​ထင်​တယ်​ ၊ ဒီ​ငွေ
တွေက အ​မေ့ရဲ့​ဆေးကုသစရိတ်​အတွက်​​ကော၊
သူ့သားမင်္ဂလာပွဲအတွက်​​ကော စု​ဆောင်းထားတဲ့​ငွေ
တွေမို့ သူအပြစ်​ရှိသလိုခံစားခဲ့ရတယ်​ ​နောက်​ပြီး___"

အဖွားရဲ့ဈာပနမှာ ဦး​လေးက ​ဒေါ်​လေးရဲ့အ​ကြောင်း
ကို ​ပြောပြ​နေရင်း စကားတဝက်​မှာတင်​ ထပ်​မ​ပြောပြ
နိုင်​​တော့ဘဲ မျက်​ရည်​ကျခဲ့တယ်​။ ​ဒေါ်​လေးကလက်​ရှိ
မှာ​တော့ သတိ​မေ့​မြော​နေတုန်းဖြစ်​သည်​။ညတွင်းချင်း
ပင်​ ဆိုးလ်​က​ဆေးရုံကို ပို့ခဲ့ရသည်​။ ဆယ်​ဟွန်းအကူ
အညီ​ကြောင့်​ အားလုံးအဆင်​​ပြေခဲ့ရသည်​။အဖွားက
တော့ တိတ်​တဆိတ်​မျက်​လုံးမှိတ်​သွားခဲ့ပြီ။

အဖွားရဲ့ဓာက်​ပုံ​ရှေ့မှာ သူ ငြိ​မ်​ငြိမ်​​လေးထိုင်​လို့
အဖွားရဲ့မျက်​နှာကို​ငေးကြည့်​​နေမိသည်​။ဓာက်​ပုံထဲ
က အဖွားရဲ့အပြုံးဟာ သစ်​လွင်​လို့​တောက်​ပ​နေတုန်း။
အဖွားကအလှဆုံးပြုံး​နေတယ်​။ အဲ့သည့်​ဓာက်​ပုံရိုက်
တုန်းက အဖွား​ဘေးမှာသူရှိ​နေခဲ့သည်​။

'အဖွား အလှဆုံးပြုံးထားပါ´ လို့ သူ​ပြောခဲ့တယ်​။
အဲ့သည့်​အပြုံး​တွေကအခု​တော့သူ့ကိုမျက်​ရည်​ကျ
စေသည်​ ။

" ဓာက်​ပုံရိုက်​ခဲ့တာက ဒီ​နေရာထားဖို့မဟုတ်​ဘူး​လေ
အဖွား ! ​နောက်​တပါတ်​ပိတ်​ရက်​ကျရင်​လာခဲ့မယ်​လို့
တွေးထားတာကို ၊ ဘာလို့မ​စောင့်​​နေခဲ့တာလဲ"

မင်​​ဆော့ဟာ တိုးတိုး​လေး​ရေရွတ်​လို့ အသံတိတ်​ငိုမိ
တယ်​။ ဦး​လေးနဲ့အစ်​ကိုကြီးကလဲ​ဘေးမှာ​ခေါင်းငိုက်
စိုက်​ကျလို့ငြိမ်​သက်​​နေတယ်​။ အဖွားဈာပန​နေ့မှာ
သမီးဖြစ်​သူ ​ဒေါ်​လေးက ​ဆေးရုံမှာ ​ဆေးရုံမှာ
ဆရာဝန်​​တွေအကူအညီနဲ့အသက်​လု​နေရသည်​။

'အားရီးဂူး !! ငါ့က​လေး​လေး ´ လို့ ​ခေါင်းကိုပုတ်​လို့
ပြုံးရယ်​ကာ​ပြောတတ်​တဲ့အဖွားရဲ့အသံက နားထဲကြား
နေတုန်း။ ဘာလို့ ထွက်​သွားခဲ့ရတာလဲ။ကျွန်​​တော့်​ကို
ထားခဲ့ပြီးဘာလို့ထွက်​သွားခဲ့ရတာလဲ။

Come And Find Me [ Season_2 ]Where stories live. Discover now