Chapter - 36 (Zawgyi & Unicode)
En başından başla
"အားလုံး အရှက်​ရတာပါပဲ ... ဘာပဲဖြစ်​ဖြစ်​ မင်းကြီးကို သူ့ကြင်​သူကိုပယ်​ပြီး မိဘုရား​မြှောက်​ဖို့အတွက်​ ဘယ်​သူ​ဖျောင်းဖျရဲသလဲ ... ကျုပ်​​တော့ အရင်​ကအမတ်​​တွေလို အဆုံးမသတ်​ချင်​ဘူး"
"ဟုတ်​တယ်​ ...ဟင်း ... ဘုရင်​ခံ ဟွာ ရဲ့သမီးက တကယ်​လှတာကို .. ဒါ​ပေမယ့်​ သူမကို ​သေဒဏ်​​ပေးလိုက်​တုန်းက မျက်​​တောင်​တစ်​ချက်​ကို မခတ်​ခဲ့တာ ... တကယ်​ အရှက်​ရစရာပါပဲ"
"ဒါဆို ဘုရင့်​မယ်​​တော်​ကို အကူအညီ​တောင်းကြည့်​မလား ... မယ်​မယ်​က​တော့ မင်းကြီးကို ​ယောက်ျားနဲ့အတူ ဖြစ်​​စေချင်​မှာမဟုတ်​ဘူး"
ထိုအမတ်​အကြံ​ပေးချက်​​ကို အမတ်​တို့အားလုံး သ​ဘောတူကြ​လေသည်​။
ဘုရင့်​မယ်​​တော်​အ​ဆောင်​တွင်​ ....
"မယ်​မယ်​ဘုရား ... သတင်းကြားပြီးပါပြီလား"
ကျင်း ကို မျက်​​မှောင်​ကြုတ်​ကြည့်​ကာ ....
"ကြားပြီးပြီ"
"မယ်​မယ်ဘုရား ... မင်းကြီးရဲ့ ​ယောက်ျား​လေးကိုယ်​လုပ်​​တော်​ကို ဘယ်​လိုထင်​မြင်​မိသလဲ"
မယ်​​တော်​သည်​ ကျင်း ကို စိုက်​ကြည့်​လိုက်​ပြီး ​မေးကို​မော့ကာ ​အေးစက်​စက်အသံနှင့်​ ....
"မင်းကြီးက စူးစမ်းချင်​လို့ ​ဆော့ကစား​နေတာဖြစ်​မှာ....."
ထိုအချိန်​တွင်​ အ​စောင့်​ရဲမက်​တစ်​​ယောက်​က အမတ်ေ​လးယောက်​တို့ လာ​တွေ့​ကြောင်း ​လျှောက်​တင်​​လေသည်​။
ရှန်း ၏ လက်​ရှိကြင်​သူအ​ကြောင်း ​တွေးရင်းနှင့်​ပင်​ စိတ်​ဖိစီးကာ ပင်​ပန်းလွန်းသဖြင့်​ ထွက်​သွားရန်​ ​ပြောခိုင်းလိုက်​​သော်​လည်း ရှန်း နှင့်​ ပတ်​သက်​သည်​ဆို​သောစကား​ကြောင့်​ ဝင်​လာခိုင်းလိုက်​​လေသည်​။
ဘုရင့်​မယ်​​တော်​ကို အရိုအ​သေပြုပြီးသည်​နှင့်​ ​ဗဟိုပင်​မဆိုင်​ရာအမတ်​က စ​လျှောက်​​တင်ေ​လသည်​။
"မယ်​မယ်​ဘုရား ... မင်းကြီးရဲ့ကြင်​သူအ​ကြောင်း ကြားပြီးပါပြီလား"