" ကြည့်ရတာ Seoul မှာ ကိစ္စတခုခုရှိလာတယ်ထင်တယ်
မင်းတို့ Seoul ကိုသွားတဲ့နေ့ကစပြီး ကိစ္စတွေငါ့ကိုအကုန်ပြောပြ " ..

ဖြစ်သမျှကိစ္စအားလုံးကို အစအဆုံးပြန်ပြောပြပြီးတော့
Luhan တစ်ယောက် ဥာဏ်ကြီးရှင်ပီပီ
မေးကိုသပ်လို့ အစဉ်းစားကြီး စဉ်းစားနေတော့တယ်

" မင်းကို သူအတူနေဖို့တောင်းဆိုလား "

" ဟင်...အဲ့ဒါက "

" မရှက်ပါနဲ့ ပြောပါ ငါ့ကို "

" ချစ်သူဖြစ်ကာစတုန်းကတော့ကွာ
ပွတ်လိုက်သတ်လိုက်နဲ့ ငါလက်ခံမယ်ဆိုရင်
ဖြစ်တော့မယ့်အခြေအနေမျိုး
ဒါပေမယ့် ငါကန့်ကွက်ပြီးတဲ့နောက်ပိုင်း
သူငါ့ကို စကားနဲ့ရော အပြုအမူနဲ့ရော မတောင်းဆိုတော့ဘူး "

" ငါ့အထင်တော့ မင်းတို့၂ယောက်ကြားမှာ
အဲ့ဒါလိုအပ်နေတာထင်တယ် "

" ငါသူနဲ့အတူနေမှ သူငါ့ကိုပြန်ပြီးကြည်ဖြူမယ်ဆိုတယ့်သဘောလား "

" အင်းပေါ့...အဲ့သဘောပဲပေါ့ "

" နေပါစေတော့ သူမချစ်လဲငါနေတက်ပါတယ် "

" မင်းကလဲကွာ ဒီကိစ္စမှာအရမ်း
sensitive ဖြစ်တာပဲ "

" မချစ်တော့ရင်လည်း နေပါစေ
အဲ့ကိစ္စတော့ မလိုက်လျောနိုင်ဘူး "

" ပြောရဆိုရ ခက်တယ် Baekhyun ရေ "

Luhan ကို အခက်အခဲတွေအကုန်ပြောပြပြီးတော့လည်း ရင်ထဲမှာပေါ့မသွားဘူး တင်းကြပ်ကြပ်နဲ့နေရထိုင်ရခက်လှတယ်
ဒါပေမယ့် Byun Baekhyun အစွမ်းက
ချစ်သူထက် စာကိုပိုချစ်တာမို့
စာသင်ချိန်မှာတော့ သူ့ကိုမေ့သလိုလိုရှိနေသား...

ကျတော့်အဆောင်ပြန်ရောက်တော့ တစ်ခန်းလုံးမှောင်မဲနေတယ်
ကြည့်ရတာ Channu ပြန်မရောက်သေးဘူးထင်တယ်
ကျတော်လဲ ရေချိုးပြီး စာကြည့်စားပွဲမှာထိုင်နေလိုက်တာ ညဥ့်နက်တာတောင်မသိတော့တဲ့အထိ

" ဟင် ၁၀နာရီခွဲနေပြီကို
ခုထိပြန်မရောက်သေးဘူး "

၁၁နာရီဆိုရင် အဆောင်တံခါးပိတ်ပြီမို့ စိတ်ပူပူနဲ့ပဲသူ့ကိုဖုန်းဆက်လိုက်တယ်

အ​ချေ​ကောင်​​ပေါက်​စအားချစ်​မိခြင်း [ Completed ]Where stories live. Discover now