မြေအောက်ခန်းထဲကို ဝင်လာသော လူတွေအားလုံးက လက်ဝါးနှစ်ဖက်ကို ဖြန့်လျက် တစ်စုံတစ်ခုသော ဂါထာ(Spell)ကို ပြိုင်တူရွတ်ဆိုကာ တစ်လှမ်းချင်း ဖြေးဖြေးဆီလမ်းလျှောက်ပြီး မြေအောက်ခန်းထဲက ကျောက်စားပွဲကြီးနားကို သွားနေကြတာဖြစ်သည်။

ငွေရောင်ဝတ်ရုံကို လွှမ်းခြုံထားသော လူကတော့ စုန်းကဝေအမှတ်အသားရှိရာ ဖန်သားပြင်ဘက်ကို သွားကာ ထိုဖန်သားပြင်ကို ကျောပေးရပ်ပြီး ကျောက်စားပွဲကို မျက်နှာမူလိုက်လေသည်။

ထို ငွေရောင် ဝတ်ရုံနှင့်လူသည် စုန်းကဝေမျိုးနွယ်စုရဲ့ ခေါင်းဆောင် Marcus ( မားကပ်စ်) ဖြစ်လေသည်။

စုန်းကဝေတို့သည် အခု ယစ်ပူဇော်ခြင်း( Ritual) အခမ်းအနားကိုစတင််နေတာဖြစ်သည်။

ကြယ်စွမ်းအင်ကို လွှဲပြောင်းရယူခြင်းအခမ်းအနားဖြစ်လေသည်။

ထို့နောက် မားကပ်စ်မှတစ်ပါး ကျန်တဲ့လူတွေအားလုံးဟာ ကျောက်စားပွဲခုံကြီးကို စက်ဝိုင်းပုံစံဝန်းရံလိုက်ပြီး ရပ်နေကြကာ စောစောက ရွတ်ဖတ်နေသော ဂါထာကို ပိုကျယ်သော အသံဖြင့်် အသံညီညီစရွတ်နေကြပြီဖြစ်လေသည်။

ဂါထာရွတ်သံပိုကျယ်လာလေ အခန်းထဲက အပြာရောင်မီးတောက်တွေကလည်း တစ်ချက်တစ်ချက် ဝုန်းကနဲ ထထတောက််လာတတ်လေသည်။

ထို့နောက် မားကပ်စ်ရဲ့ နောက်ကျောက ဖန်သားပေါ်က အမှတ်အသားကလည််း ရုတ်တရတ် ငွေရောင် လင်းတန်းများ ဖြာထွက်လာပြီးတော့ စက်ဝိုင်းပုံစံ လည်ပတ်လာလေသည်။

ထိုအခါ ဂါထာရွတ်ခြင််းကို ရပ်တန့်လိုက်ကာ လက်ဝါးနှစ်ဖက်ကို ဖြန့်ထားရာကနေ ရင်ဘတ်ကို ကြက်ခြေခတ်ပုံစံ ယှက်တင်လိုက်လေသည််။

ထို့နောက် မြေအောက်ခန်းထဲကို ဝတ်ရုံနက်နှင့် စုန်းကဝေနှစ်ယောက်က ငွေရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော ချောမောလှပသည့် မိန်းမပျိုလေးတစ်ယောက်ကို လက်မောင်းနှစ်ဖက်မှချုပ်ထားကာ ဆွဲခေါ်လာလေသည်။

ထိုမိန်းကလေးမှာ အလွန်လှပသော ငွေရောင်ဆံပင်ရှည်ကြီးကို ပိုင်ဆိုင်ထားပြီး နတ်သမီးတစ်ယောက်ကဲ့သို့ပင် ချောမောလှပလေသည်။ ထိုမိန်းကလေးက အတင်းအကြပ်ဆွဲခေါ်လာခြင်းခံနေရတာကြောင့် ရုန်းကန်နေသော်လည်း အားမမျှသဖြင့် ထွက်မပြေးနိုင်ပေ။ ရွဲလုံးကဲ့သို့ တစ်ဖျတ််ဖျတ်တောက်နေသော မျက်လုံးများမှ မျက်ရည်စက်တွေ တစ်ဖွဲဖွဲကျဆင်းနေကာ တအင့်အင့်ရှိုက်လျက် ဆွဲခေါ်ရာနောက်ကို ပါလာရတာဖြစ်သည်။

Star Love (I)Unde poveștirile trăiesc. Descoperă acum