Yiyar ကတော့ အရှက်အကြောက်ကြီးသူ ဖြစ်သည်။ ဆံပင်က ဂျိုင်းအောက်အရှည် အဖြောင့်လေး ဖြစ်ပြီး မီးခိုးဖျော့ရောင်သမ်းလေ သည်။ ရှေ့ဆံပင်ကို မျက်ခုံးအပေါ် အညီညှပ်ထားလေသည်။
နှုတ်ခမ်းလေးက ပါးပြီး ပန်းနုရောင်ထက်ကို အဖြူရောင်ပိုသမ်းချင်သည်။ မျက်ခုံးမွှေးက နက်မှောင်နေသော်လည်း မျက်ခုံးမွှေး သိပ်မထူပေ။ ရယ်လိုက်တိုင်း ချိုင့်ဝင်သွားတဲ့ ပါးချိုင့်လေးနှစ်ဖက်နဲ့ သူမမျက်နှာလေးက ချစ်စရာကောင်းပြီး မြင်တဲ့သူ ရင်ကို အေးချမ်းစေလေသည်။ သူမက တတိယအကြီးဆုံး ဖြစ်သည်။

E n o က အလှအပ အလွန်ကြိုက်တာနဲ့အညီ နှုတ်ခမ်းနီအညိုရင့်ရောင်ကို အမြဲတမ်း ဆိုးထားတတ်သည်။ ဆံပင်အညိုညာခွဲကို တစ်ဖက်တို ၊ တစ်ဖက်ရှည်ညှပ်ထားပြီး ဂုတ်ထိသာ ဆံပင်က ရှည်လေသည်။ အမြဲတမ်း မိတ်ကပ်ပါးပါးလေး လိမ်းထားတတ်ပြီး မှန်ကို အမြဲတမ်း ကြည့်တတ်သည်။ သူလည်း Yiyar့ လိုပင်။ မျက်ခုံးမွှေးမည်းနက်နေသော်လည်း သိပ်မထူပေ။ E n o က မိတ်ကပ်လိမ်းသည်ဖြစ်စေ ၊ မလိမ်းသည်ဖြစ်စေ သူမရဲ့ မျက်နှာလေးက အမြဲ Sexy ကျလွန်းသည်။ သူမက အငယ်ဆုံးဖြစ်သည်။

F u : Z u ငါပြောတာ သူတို့လေးယောက်

F u စကားကြောင့် Z u အပြင် K u နဲ့ R u ပါ ကားအပြင်ဘက်က ကောင်မလေး လေးယောက်ကို လှမ်းကြည့်မိလိုက်ကြသည်။

K u : မဆိုးပါဘူး

R u : လှပါတယ်

K u နဲ့ R u က အကြံပေးလိုက်ကြသည်။

Z u ကတော့ ငြိမ်သက်နေလိုက်သည်။

F u : Vampires ထဲမှာ သူတို့လေးယောက်ပြီးရင် ကုန်ပြီကွ ၊ ကျန်တဲ့ မိန်းကလေးတွေက လူတွေချည်းပဲ

K u : ငါတို့တွဲတာ မများသေးပါဘူး ၊ ကုန်ပြီပေါ့ လူက . . .

F u : နှစ်လတစ်ယောက်ပြောင်းတွဲရုံလေးပါ ၊ ငါတို့သိပ်မများသေးပါဘူး

F u . . . K u့ စကားကို ရွဲ့ဖြေလိုက်၍ K u ပြုံးလိုက်မိသည်။

F u : ဘယ်လိုသဘောရလဲ Z u

Z u : တွဲကြတာပေါ့

F u : မင်းမငြင်းမှန်း သိပြီးသား

The End Of The Hate Where stories live. Discover now