စကားပြောနေရင်းပင် မျက်ရည်များအပြိုင်းပြိုင်းကျဆင်းလာတော့ မမကို သူပြေးဖက်မိလိုက်သည်။

"မမ အရင်ကိစ္စတွေကို အကုန်အတိတ်မှာထားခဲ့ပြီးမှ ဒီလိုမျိုးဖြစ်တာ..မောင်လေးရယ်...မမအမှားပါ...မမ ...ဟင့်.."

"မမရယ်...အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ..."

အခန်းထဲ မောင်နှမနှစ်ယောက်ရဲ့ ငိုရှိုက်သံတို့ကအပြည့် ။ သူတို့မိသားစုမှ ဒီလိုလာဖြစ်ရတယ်လို့ ကံတရားရယ်။

#####

ရတု အကို့အိမ်သို့ ၇ရက်ကြာပြီးနောက်မှ ပြန်ရောက်လာရတော့သည်။ အရင်လိုတော့မဟုတ်။ တစ်အိမ်လုံးဖရိုဖရဲနှင့်ပင်။ ကြမ်းပြင်ပေါ်မှာလည်း အရက်ပုလင်းများကပြန့်ကျဲလျက်။

"တောင်းဆိုစရာရှိတယ်..."

ရတုဘက်မှစ၍ ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်ကို စတင်အသက်သွင်းလိုက်သည်။

"ပြောပါ....မောင်"

အကို့ပုံစံကလည်း ခုနှစ်ရက်သာရှိသေးပေမယ့် တော်တော်လေးအိုသွားသည်မှာအမှန်ပင်။ အရက်တွေဆက်တိုက်သောက်နေခဲ့သည်လား...

"ကိုယ့်ဘဝနဲ့ကိုယ်ရှင်သန်ချင်တယ်...ခင်ဗျား လောင်းရိပ်အောက်မှာမဟုတ်ဘဲ..."

"ဟက်...မောင် ရှင်းရှင်းပြောပေးလို့မရဘူးလား..."

ထို့နောက် ရတု ဆိုဖာပေါ်သို့ ထိုင်လိုက်လေတော့သည်။ ရတုဘေးသို့ အကိုလည်းဝင်ထိုင်လေသည်။

"မချုပ်ချယ်နဲ့...မစိုးမိုးနဲ့ ...ဘယ်သူမှဘယ်သူ့ကိုမပိုင်ဘူးလေ ဟုတ်တယ်မလား..."

"ဟား...ဟား...မောင်ရယ် ပိုင်တာပေါ့ မောင်ခန္ဓာကိုယ်ရော မောင့်စိတ်ရော နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ...မောင့်ဝိဉာဉ်ကိုတောင် ပိုင်တယ်..."

"ခင်...ခင်ဗျား..."

ရတု ပြောစရာစကားများပင် ပျောက်ရှသွားရတော့သည်။

"မင်းကို တစ်ပတ်တိတိ လွတ်လပ်ခွင့်ပေးထားပြီးပြီလေ...အခုရော မင်းကိုပြန်လွှတ်မယ်ထင်လား..ဟမ်...မောင်.."

ရတု ‌ဒေါသကြောင့် မော်ကွန်း အကျီကော်လံစကိုဆွဲကိုင်လိုက်တော့သည်။

"ခင်ဗျား မျက်နှာစုပ်ပျက်သွားချင်လို့လား.. "

"ထိုးလေ...ရော့.."

ရတု လက်သီးရှေ့သို့ တိုးပေးလာသော မျက်နှာအမူအရာမှာ ခနဲ့သလိုပင်။

"မင်း ဒီနေ့ကစပြီး ဘယ်မှ မသွားရဘူး ဒါငါ့အမိန့်ပဲ...လာ"

ခပ်ကြမ်းကြမ်းဆွဲသွားတဲ့ လက်များမှာတော့နီရဲလျက်။ အားချင်းယှဉ်လျှင်လဲ မမျှသည့် အခြေအနေမို့ ရတု ရုန်းကန်ပေမယ့်လဲလုံးလုံးမရပေ။

*ဘုတ်!!*

*အ!!"

ကုတင်ပေါ်သို့ အကြမ်းအရမ်း ရတုကိုပစ်ချလိုက်သည်။

"ဖယ်လို့...ခင်ဗျား..."

ရတု ခန္ဓာကိုယ်ပေါ်သို့ အုပ်မိုးလာတော့သည်။

ကိုယ်လုံးနဲ့ ဖိထားတာကြောင့် ရတုလှုပ်လို့ပင်မရတော့။ သူမျှော်လင့်ထားတာ ဒီလိုအခြေအနေမျိုးမှမဟုတ်တာလေ။

ထို့နောက် ရတု အကျီအောက်သို့လက်များတိုးဝင်လာတော့သည်။

ရတု ကြံရာမရတာနှင့် မော်ကွန်း စိတ်လွတ်နေတဲ့အချိန် ခေါင်းနှင့် မျက်နှာကို တိုက်လိုက်တော့သည်။

*အ!!"

*ဟက်*

မော်ကွန်း နှာခေါင်းထက်သွေးများကျလာတော့သည်။

"ခင်ဗျား ရူးနေတာလား...ဟမ် ဘယ်သူကဒီလိုအခြေအနေမျိုးမှာ .."

"မင်း...တော်တော့..."

"ငါ့စိတ်ကိုလာမစွနဲ့ မင်းကို အချိန်ပေးပြီးပြီလေ...ငါစိတ်ပါရင် မင်းကိုတကိုယ်လုံးတောင် ရိုက်ချိုးထားလို့ရတယ်..."

ရတု မျက်ရည်များဝဲတက်လာတော့သည်။ တကယ်အစွန်းရောက်နေတဲ့သူကို သူချစ်နေမိခဲ့တာလား..

"မင်း ဒီအခန်းထဲက ထွက်ဖို့မ‌စဉ်းစားနဲ့...ကြားလား..."

ရတု စကားများပင်ပြန်မပြောနိုင်တော့ ။ခြေထောက်များပင်ပျော့ခွေနေလေပြီ...

ထို့နောက် ရတုလက်များကို လက်ထိပ်ခတ်ပြီး ထွက်သွားလေတော့သည်...

ဒါဟာ...ရတုတွက် အဆုံးသတ်ပဲလား...









ရူးМесто, где живут истории. Откройте их для себя