အခန်း (၁၄)

Comincia dall'inizio
                                    

"ဟဲလို၊ သစ်"

"..............."

"အင်းလေ။ အိမ်လာလည်တဲ့ ကလေးလေးပါ"

"..............."

"ဟုတ်သလား။ တို့ကတော့ သူ့လောက်ချစ်ဖို့မကောင်းနိုင်ပါဘူးကွယ်။ ယူ ပဲပြောတယ်လေ။ တို့စိတ်ဆိုးရင် ကြောက်စရာကြီးဆို"

"................"

တစ်ဖက်က ပြောနေတဲ့အသံကို မကြားရပေမယ့် ပြောနေတဲ့စကားတွေကို မြူတေး နားစွင့်နေမိတယ်။ ချီဂိုလေးကိုလည်း ငြိမ်အောင် ပွတ်ပေးနေရသေးတယ်။ အခုထိ အင်္ကျီစကို မလွှတ်ပေးသေးလို့ထင်၊ ဒေါ်ပန်းရိပ် ခတ်ဆတ်ဆတ်​လေး ပြန်ဆွဲကြည့်တယ်။ မလွှတ်ပေးတဲ့အဆုံး မြူတေးနဲ့ချီဂိုရဲ့ဘေးမှာပြန်ထိုင်ချလိုက်ရတယ်။ အဲ့ဒီအခါမှ မြူတေးက အင်္ကျီစလေးကို လွှတ်ပေးလိုက်တယ်။မှောင်ရီပျိုးပြီမို့ ခြံဝင်းထဲက မီးတိုင်တွေတောင် မီးလင်းလာတယ်။

" အချင်းချင်းတွေကို ကပ်မြောက်နေပြန်ပြီ သစ်ကတော့။ အရင်လို ဟိုမှာရှိရင်တော့ ကော်ဖီတိုက်ပါတယ်"

"................"

"ဟင့်အင်း။ မယူပါဘူး သစ်ရဲ့။ တို့ အဖော်မလိုဘူး။ သံယောဇဥ်ဖြစ်မှာကို ပိုပြီးတောင် မလိုသေးတယ်။ ဒီကလေးနာမည်က ချီဂိုတဲ့။ မြူတေးမောင်မောင်ရဲ့ သူငယ်ချင်းခေါ်လာတဲ့ ကလေးလေး"

"................"

စကားထဲမှာ သူ့နာမည်ပါလာလို့ မြူတေး မတ်ခနဲဖြစ်သွားတယ်။ သြော်၊ လက်စသတ်တော့ ချီဂိုလေးနဲ့အန်တီ တွဲရိုက်ထားတဲ့ပုံကို တစ်ဖက်ကို ပို့ပေးလိုက်ပုံရတယ်။ သူ့နာမည်ထည့်ပြောတဲ့အတွက် မြူတေးစိတ်ထဲ တစ်မျိုးတမည် ခံစားလိုက်ရတယ်။ ပျော်တာလား။ အသိအမှတ်ပြုခံရတာမျိုးလား။ တစ်ဖက်လူကရော ​သူ့ကို သိနေတဲ့သူလားလို့ ဆက်ပြီးတွေးမိသွားပြန်တယ်။

"အင်း။ mail ကပဲပို့ထားနှင့်။ တို့ကြည့်လိုက်မယ်နော်"

"..............."

"ဟုတ်သားပဲ။ အဲ့ဒီ position အတွက် ဝန်ထမ်းသစ်ကို မနက်ဖြန်ပဲ အင်တာဗျူး ခေါ်လိုက်လေ"

".............."

ဟော၊ ဒေါ်ပန်းရိပ် ဖုန်းပြောရင်းနဲ့ စကားထဲမှာ အလုပ်ကိစ္စတွေပါလာတယ်။ မြူတေး စူးစူးရီရီလေး ငေးကြည့်နေမိတယ်။ အန်တီက လက်ကလေးတစ်ဖက်ပိုက်ထားလိုက်ပြီး ခပ်မတ်မတ်ထိုင်ရင်း ဖုန်းပြောနေတယ်။ ဘယ်လောက်စမတ်ကျလိုက်သလဲလို့။

ပန်း မြူ ရိပ် Dove le storie prendono vita. Scoprilo ora