Chapter 3

64 14 5
                                    


နွေနှောင်းကာလရက်စွဲများကုန်ဆုံးလု။
ဂျွန်လဆန်း၏မိုးဦးအကြိုနေ့ရက်များသည်
အရှိန်အဟုန်ဖြင့်တိုးဝင်လာခဲ့သလိုပင်။

စိပ်၍တစ်ခါ သည်း၍တစ်လှည့်၊
တစ်ဖွဲဖွဲစီးဆင်းလာတတ်သောမိုးပုဆိန်တို့
ချောင်းရေကိုပင် လျှံအောင်ပြုနေခဲ့ပြီ။

ညိုရီသောရိုးမတောင်တန်းပင်လျှင်
နက်ပြာအဆင်းသို့ကူးပြောင်းသွားခဲ့၍
နတ်မိစ္ဆာတစ်ကောင်
ငြိမ်သက်စွာထိုင်နေသည့်သဏ္ဍာန်။

တောင်ပေါ်မိုးအား
မကြုံစဖူးကြုံရလေသောဂျယ်ယွန်းအဖို့
မှိုင်းပြပြလေးဘက်လေးတန်မြင်ကွင်းအား
အကြည့်မလွှဲနိုင်ပင်ရှိခဲ့ရဲ့။

"သားငယ် ပျင်းနေပြီလား"

ပြတင်းမှန်ကူကွက်များမှနေ၍
တစ်စိမ့်စိမ့်သွန်းကျနေသောမိုးစက်များအား
ငေးကြည့်မိချိန် ဂျယ်ယွန်းဖခင်ကဆိုလာသည်။

ဂျယ်ယွန်း ခပ်လေးလေးပြုံးရင်း
ခေါင်းခါပြလိုက်သည်။
ဖခင်ဖြစ်သူ၏ရုံးသို့လိုက်လာချိန်တိုင်း
သူဘယ်တုန်းကမှ မပျင်းခဲ့ရပါလေ။
မူးယစ်ဆေးဖြတ်စခန်းဖြစ်၍
မူးယစ်ဆေး၏သားကောင်လူငယ်အချို့အား
တွေ့လိုက်ရသည်မှာလည်း ဂျယ်ယွန်းအတွက်
စိတ်ဝင်စားစရာဖြစ်ခဲ့၏။

ရေငွေ့ရိုက်နေသောမှန်ကူကွက်များ၏အလွန်ဝယ်
မပီမသထင်ရစ်လေသည့်အရိပ်တစ်ခု။
ဂျယ်ယွန်းသေချာကြည့်မိသည့်အခါ
မိုးသည်းသည်းတွင်
အလွန်ဝါသောမိုးကာအင်္ကျီကိုခြုံလျက်
မျက်စိစူးလောက်သည့် မိုးကြိုးလျှပ်တစ်ဖြတ်တွင်
မထင်မရှားမြင်လိုက်ရသောမျက်နှာမှာ
သူ့အား တောတွင်းမှလမ်းပြလာခဲ့သော
ကောင်လေးပင်ဖြစ်လောက်ပါချိမ့်။

ဂျယ်ယွန်းသည် ထီးတစ်လက်ကို
ခပ်မြန်မြန်ဆွဲယူလိုက်ပါရင်း
ရုံးထဲမှ ပြေးထွက်လာခဲ့သည်။

"အယ်... မနေ့ကတွေ့ခဲ့တဲ့တစ်ယောက်"

မိုးငွေ့မြူများဖြင့် ခပ်ဝါးဝါးဖြစ်နေသည့်တိုင်
ကောင်လေးကတော့
ဂျယ်ယွန်းကိုမှတ်မိပုံရလေသည်။
၎င်း၏လက်ထဲရှိ သုံးဆင့်ထမင်းချိုင့်နှစ်ချိုင့်ကို
မနှေးမမြန်လှုပ်ရမ်းပါရင်း
ဂျယ်ယွန်းအနားရောက်လာခဲ့သည်။
မိုးကာခေါင်းစွပ်အား မျက်ခုံးနားရောက်သည်အထိ
လုံအောင်ဆွဲချကာ ထူးခြားသောအခြေအနေအား နေရခက်ခြင်းအလျှဉ်းမရှိလေဟန်။

Love Wins All  { Jekjeng }Where stories live. Discover now