Extra ( 3 ) U / Z

Start from the beginning
                                    

" 'သုတ' ငါ 'ခမ်း' နဲ့နှစ်ယောက်တည်း စကားပြောချင်တယ် "

" 'ရှိုင်း'! "

" အသက်...ကလေးတွေရေချိုးတဲ့ အချိန်ရောက်နေပြီ ပေါက်စတွေကသေချာမချိုးတက်သေးဘူး သွားကူလိုက်နော် မောင်ခဏနေလိုက်ခဲ့မယ် "

'ခမ်း' ပြောလိုက်တော့ 'သုတ' က 'ရှိုင်း' ကို
မော့ကြည့်လိုက်သည်။ 'ရှိုင်း' ကလည်းသွားရန်
အချက်ပြသဖြင့် 'သုတ' ထိုနေရာမှထွက်လာခဲ့လိုက်သည်။

'ရှိုင်း' 'ခမ်း' ၏ဘေးတွင်ဝင်ထိုင်ကာ ကောင်းကင်ကိုမော့ကြည့်ရင်း...

" ငါနဲ့ 'သုတ' နှစ်တန်းနှစ်မှာ ဘေးချင်းကပ်ရပ်
ထိုင်ရရင်းကနေ စခင်ခဲ့ကြတာ...အဲ့ဒီကောင်က စာဂျပိုး...ကစားဖို့ခေါ်ရင် ဘယ်တော့မှမလိုက်ဘူး
တစ်ရက်ကျတော့ ငါသူ့အိမ်သွားလည်ခဲ့တယ်
သူ့အိပ်ခန်းထဲမှာ ကစားစရာတွေက အစီအစဉ်
တကျ ဘာအရုပ်တွေလည်းသိလား..."

'ရှိုင်း' က 'ခမ်း' ကိုလှည့်ကြည့်ကာ ပြောလိုက်တော့ 'ခမ်း' ကခေါင်းအသာယမ်းပြလာသည်။

" ဆရာဝန်လုပ်တိုင်းကစားရတဲ့ဟာတွေလေ
နားကြပ်တွေဆေးထိုးအပ်တွေ အဲ့တာတွေကလွဲရင် တခြားဟာမရှိဘူး ငါမေးလိုက်တော့ 'သုတ'က ပြောတယ် ကြီးလာရင်ဆရာဝန်ကြီးလုပ်မှာတဲ့ အဲ့တာသူ့အိပ်မက်တဲ့... အဲ့ဒီတုန်းက
ကလေးဆိုတော့ ကလေးသဘာဝပြောတယ်
ထင်ထားခဲ့တာ ဒါပေမယ့် အတန်းကြီးလာလေ
'သုတ' ကပိုကြိုးစားလာလေဘဲ သူ့အိပ်မက်က ပိုပြီးတည်တံ့လာခဲ့တာ.. အထက်တန်းနောက်ဆုံးနှစ်မှာ သူပြောတယ် တက္ကသိုလ်မှာ ဆေးဌာနဝင်မယ် နောက်ဆုံးနှစ်ရောက်ရင် Scholarship နဲ့နိုင်ငံခြားတက္ကသိုလ်ကိုတက်မယ် နိုင်ငံခြားကို ငွေနဲ့မသွားဘဲ အရည်အချင်းနဲ့သွားမယ် ပြီးရင်တော့
ပြန်လာပြီး မြန်မာပြည်မှာပဲ လူနာတွေကို
ကုသပေးမယ်တဲ့ "

" အသက်က ဝါသနာကိုအရာရာထက် ပိုဦးစားပေးတာ သတိထားမိတယ် "

" အင်း.. ဦးစားပေးတာပေါ့ အထက်တန်းပြီးတော့
'သုတ' ရဲ့မေမေက စီးပွားရေးဌာနကိုဝင်စေချင်တာ ကျောက်မြက်ရတနာလုပ်ငန်းကို ဦးစီးပေါ့
တစ်ဦးတည်းသောသားဆိုတော့ အမွေဆက်ခံရမယ်ပေါ့ အဲ့ဒီမှာ 'သုတ' နဲ့ အန်တီပြဿနာတွေတက်ကြတာ အန်တီကခွင့်မပြုတော့ 'သုတ' ကငိုတာမှရက်ရက်စက်စက်ပဲ ဒူးထောက်ပြီးတော့ပါ
တောင်းပန်တာ... 'သုတ' ကလွယ်လွယ်နဲ့လက်မလျော့ဘူး ခေါင်းမာတယ် အဲ့လိုပဲ အန်တီလည်းတူတူပဲ နောက်ဆုံး 'သုတ' ကအိမ်ပေါ်ကဆင်းသွားတော့မှ အန်တီက လိုက်ခေါ်ပြီးလက်ခံပေးခဲ့တာ "

You're My Beloved ( COMPLETE )Where stories live. Discover now