နှင်း သူ့လက်မောင်းလေးကို ဆွဲကိုင်ကာ မျက်နှာလေးကငိုတော့မလို တောင်းဆိုလေသည်။ သူက ဘာမှပြန်မဖြေဘဲ နှင်းမျက်လုံးလေးကို ဆိုက်ကြည့်နေ၏။

"ကိုကို့ကို လွှမ်းတယ်။ တွေ့ချင်လို့ပါ...နှင်းကို ခဏလောက်ပြန်ပို့ပေးပါနော်။ ခဏလေးပါပဲလေ။ နှင်း အကြာကြီးမနေပါဘူး။ လိုက်ပို့ပေးပါနော်။"

သူ့လက်မောင်းကို ကိုင်ပြီး မျက်နှာငယ်လေးနှင့် တောင်းဆိုနေရာကနေ သူက ဘာမှပြန်မပြောတော့ ဝမ်းနည်းလာလေသည်။ ထို့နောက် ကလေးတစ်ယောက်လို တရှိုက်ရှိုက်ငိုကာ မုန့်ပူစာသလို ပူဆာလေသည်။ သူ့လက်မောင်းတွေကို ကိုင်ထားရာကနေ သူ့ရင်ခွင်ထဲဝင်လာပြီး ခါးကိုဖက်ကာ ရင်ဘက်ကိုမျက်နှာ အပ်လျှက် ငို၏။

"ကိုကို့ဆီ သွားချင်တယ်။ ကိုကို့ကို လွှမ်းတယ်"

"ကျစ်...မင်း ဘာလို့ငိုနေတာလဲ‌နှင်းငွေ့ဖြူ။ ကလေးလား။"

"ကိုကို့ကို တွေ့ချင်လို့"

"မငိုနဲ့...ငိုလည်း လိုက်မပို့ဘူး။'

"နှင်း အစ်ကို့စကားနားထောင်ပြီး လိမ်လိမ်မာမာနေတယ်လေ။ နှင်းကို လိုက်ပို့ပါနော်။ နော်....လို့။"

သူ့ခါးကိုဖက်ပြီး မျက်နှာငယ်ကလေးနှင့် မော့ပြီး တောင်းဆိုနေသည်မှာ ကလေးလေးနှင့်တူသည်။ မှုန်ကုတ်ထားသည့် သူ့မျက်နှာကြီး ပြေလျော့လာ၏။

"ခဏပဲနော်...."

"ဟုတ်....ခဏပဲ။ "

"မင်းအစ်ကိုနဲ့တွေ့ပြီးရင် ဘာမှ ပိုပိုလိုလိုမပြောရဘူး။ ကြားလား။"

"ဟုတ်...."

"ငါ့စကားနားထောင်မယ်ဆိုမှ လိုက်ပို့မယ်။"

"ဟုတ်...နှင်း နားထောင်ပါ့မယ်"

သူပြောသမျှ တဟုတ်ဟုတ် ခေါင်းညိတ်ပြီး စောစောက မဲ့တဲ့တဲ့လေးဖြစ်နေသည့် မျက်နှာက ရွှင်ပြသွားလေသည်။ သူလိုက်ပို့မည်ဆို၍ အပျော်လွန်ပြီး သူ့ခါးကို ဖက်ထားသည်မှာ လွတ်တောင်မလွတ်ပေ။ သူလည်း တစ်ချက်ပြုံးလိုက်။

"အ....."

သူက ပြန်ဖက်သည့်အခါ နှင်းဆီကနေ အသံကလေးထွက်လာသည်။ သူငုံ့ကြည့်တော့ နှင်းက လက်မောင်းလေးကို ငုံ့ကြည့်နေ၏။ ဆေးထိုးအပ်ကို ဖြုတ်ထားတုန်းက ထိမိထားရာ သွေးကမတိတ်ပေ။ သူက တင်းတင်းကြပ်ကြပ်ဖက်လိုက်တော့ သူမ လက်မောင်းလေး ပိုနာသွားလေသည်။

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Nơi câu chuyện tồn tại. Hãy khám phá bây giờ