ဘန်ကောက်ပြန်ရောက်လာတော့ နှစ်လတစ်ခါဆေးစစ်ရသည့်နိုဝယ့်ကျန်းမာရေးက အရင်ကထပ်ပိုဆိုးနေခဲ့သည်။ ကိုယ်ခန္ဓာကျန်းမာရေးမဟုတ်ပဲ စိတ်ကျန်းမာရေးကအရင်ကထက်ပိုဆိုးနေခဲ့တာ။

"ဆရာသိလား ကျွန်မကိုကျွန်မတအားမုန်းနေမိတာပဲသိတယ်"

"ဟုတ်ပြီ ဒါဆိုဆရာအကြံတစ်ခုပေးမယ် သမီးရဲ့စိတ်ထဲမှာ သူကသမီးကိုရှောင်ပြေးနေတယ်လို့သဘောမထားပဲနဲ့ သူ့စိတ်သူအချိန်ယူနေရတယ်လို့တစ်မျိုးတွေးကြည့်ရင်ကော သူ့ဘဝမှာတစ်ခါမှမကြံဖူးတဲ့အခြေအနေကိုကြုံခဲ့ရလို့သူကိုယ်တိုင်လဲလျော့ဖြစ်သွားမှာပဲလေ ဒါကိုသမီးဘက်ကစိတ်ရှည်ရှည်လေးနဲ့စောင့်နေပေးရင်ကော သမီးပြောတဲ့အခြေအနေတွေထဲ သူသမီးကိုသိပ်ချစ်ပါတယ်ဆိုရင် သမီးရှေ့ကိုအရင်ကလိုပုံစံမျိုးပြန်ရောက်နိုင်ဖို့သူ့ကိုယ်သူပြန်တည်ဆောက်နေရတယ်လို့သဘောထားလိုက်ပါ သမီးကိုယ်တိုင်လဲသိတယ်မဟုတ်လား အတင်းအကြပ်လုပ်မိတဲ့အခါ ဘယ်အတိုင်းအတာထိဖြစ်နိုင်လဲဆိုတာမျိုးကို"

သူ့ဆီဒီကလေးမလေးကို သူ့အဖေဖြစ်သူလာပြတော့ အကောင်းတိုင်းရှိနေတဲ့လူကိုဘာကြောင့် စိတ်ကျန်းမာရေးဆရာဝန်နဲ့လာပြရသလဲပေါ့။ တဖြေးဖြေးစကားပြောကြည့်သည့်အခါမှ ထိုကလေးမလေး၏စိတ်ဒဏ်ရာတွေကိုတွေ့လာရတယ်။ တဖြေးဖြေးချင်းအဆင်ပြေလာပြီထင်ရပေမဲ့အခုတစ်ခေါက်ပြန်လေ့လာကြည့်သည့်အခါ အခြေအနေကအရင်နဲ့မတူပဲ လိမ္မော်ရောင်အဆင့်အနေအထားဖြစ်နေခဲ့တာ။ Green code အခြေအနေကိုပြန်ရဖို့အတွက်လိုအပ်နေတာ သူကိုယ်တိုင်နဲ့ ဒီကလေးမလေးပြောပြသည့် မိန်းခလေးနှင့်သက်ဆိုင်နေခဲ့သည်။ လူတစ်ယောက်ရဲ့နာကျင်မှုကိုသာယာမှုအနေဖြင့်ခံစားတက်တဲ့သူတစ်ယောက်ရဲ့အတွေးအာရုံကိုပျော့ပြောင်းအောင်လုပ်နိုင်တဲ့သူပဲလိုအပ်နေတာ။ အနည်းဆုံးသူပြောလိုက်တဲ့စကားလုံးတွေရဲ့အဓိပ္ပါယ်ကိုနားလဘ်သဘောပေါက်ပြီး စိတ်ကိုဖြေသိမ့်နိုင်ဖို့ပဲမျော်လင့်ပါတယ်။

"ဒယ်ဒီ သမီးနဲဲ့ဒီနေ့ညစာအတူစားမယ်နော်"

"ဟုတ်ဒယ်ဒီ အခုလောလောဆယ် ခဏလောက်တော့အနားယူချင်သေးတယ်"

ဒဏ္ဏာရီ - θρύλος (completed-9)Όπου ζουν οι ιστορίες. Ανακάλυψε τώρα