part 1

507 22 0
                                    

''သားရေ သားpavel ထတော့လေမားမားသားလေးရဲ့"

''မားမားကလည်းသားအိပ်ချင်သေးတယ်"

''ထတော့လေသားရယ် အောက်မှာသားပါးပါးကမနက်စာစားဖို့စောင့်နေပြီ"

''ဟုတ် သားထပြီ မျက်နှာသစ်ရေချိုးပြီးဆင်းခဲ့မယ်နော်"

''ဟုတ်ပါပီရှင် ရေအကြာကြီးမချိုးနဲ့နော်ပြီးရင်အဖျားကလွယ်ကလွယ်နဲ့"

''ဟုတ်ကဲ့ပါမားမားရဲ''

မားမားအခန်းထဲကထွက်သွားတော့မှpavelအမြန်ထကာရေမိုးချိုးရတော့၏ အကုန်ပြင်ပြီးတာနဲ့အောက်ကိုဆင်းလာတော့ထမင်းစားပွဲမှာထိုင်စောင့်နေကြသည့်မိဘနှစ်ပါး

''ပါးပါး မားမား"

''ဟဲ့ အော် ဒီကလေးဖြည်းဖြည်းဆင်းစမ်းပါဟယ် ပြုတ်ကြမှအမေကယ်ပါအဖေကယ်ပါဖြစ်နေမယ်"

''ပါပါး ကိုယ့်မိန်းမကိုယ်ကြည့်ပြောထားနော် အဖွားကြီးကျနေတာပဲပွစိပွစိနဲ့"

''ဟားးးးး''

''အဖေကြီးနော် ဟိုကလေးသေမယ်ရှင်လေးမာမားကိုများအဖွားကြီးတဲ့"

''အမေကြီးကလည်းကွာ သားကစတဲ့ဟာ"

pavelတိူ့မိသားစုရဲ့မနက်ခင်းလေးဟာအမြဲဒီလိုပါပဲ နွေးထွေးတဲ့မိသားစုလေးဖြစ်တာကြောင့်ပျော်စရာတွေအပြည့်ပင် အရမ်းကြီးမချမ်းသာပေမဲ့အနေတော်ရှိတဲ့အခြေနေမို့pavelတို့မျက်နှာငယ်စရာမရှိပေ

''သား"

''ဟုတ် ပါပါး"

''ကျောင်းမှာကောအဆင်ပြေရဲ့လား"

''ပြေပါတယ်ပါပါးရဲ့"

''စာကြိုးစားနော်သား"

''သားကဘယ်သူ့သားမို့လဲ"

''အမယ် အတတ်လေးရယ်"

''သားပြီးပြီ သွားတော့မယ်ပါးပါး မားမား"

''အေအေ ဂရုစိုက်မောင်းနော်သား"

''ဟုတ် မာမား"

''ချစ်ဖို့ကောင်းလိုက်တာ"

''ငါ့သားမို့လေကွာ"

''အို မဟုတ်တာကျွန်မသားမို့သားကချောတာချစ်စရာကောင်းတာ"

''ငါနဲ့တူလို့ကွ"

အဆုံးမဲ့ချစ်ခြင်း(or)အကြွေပန်းWhere stories live. Discover now