ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Comincia dall'inizio
                                    

"သူက ရိုးရိုးသာမာန်လူ မဖြစ်နိုင်ဘူး။"

သူနှင့်ချီချန်အန်းတို့ကြား ဆက်သွယ်သည့်အချိန်မှာ တိုတောင်းသော်လည်း ကျန်းသုန့်ထံ လူများအားအကဲဖြတ်နိုင်သည့် စူးရှသည့်မျက်လုံးများပိုင်ဆိုင်ထားလေသည်။

ချီချန်အန်းက လူများနှင့် ဝေးကွာနေသူမျိုးဖြစ်ပြီး၊ သူ့ထံတွင် ဝူပိနှင့်ရင်းနှီးမြှုပ်နှံသူများကို ဆက်သွယ်ကာ ရိုက်ချနိုင်သည့် အခြေအနေမျိုးလည်းရှိသေး၏။ သူ့ထံတွင် အေးတိအေးစက်သဘာဝရှိပြီး ကျန်းသုန့်သည် သူ့ထံမှ  စကားပြောနေတဲ့တောက်လျှောက် ရွှီလော့ယန်၏နာမည်ကို ထုတ်ပြောသည့်ခဏမှလွဲ၍မည်သည့်စိတ်ခံစားချက်ကိုမှ ထိုးဖောက်မမြင်နိုင်ခဲ့ပေ။

ကျန်းသုန့်မှာ တိကျစွာပင် ရွှီလော့ယန်အကြောင်းပြောလိုက်တိုင်း ချီချန်အန်းက သူ့အာရုံအနည်းငယ်စိုက်လာတာကို သတိထားမိလေသည်။ ထို့ပြင် ရွှီလော့ယန်နှင့်အတူရှိနေပါက ချီချန်အန်းက စကားများများပြောတတ်ပြီး ပို၍ပြုံးနေတတ်သည်။

ကျန်းသုန့်၏အကြံပေးချက်ကို ကြားသည့်အခါ ရွှီလော့ယန်က "အင်း သူက တကယ်ပဲ သာမာန်လူမဟုတ်ဘူး"

ချီချန်အန်းက သူ့ကိုယ်သူသေသေချာချာဖုံးကွယ်ထားတဲ့ ဒုတိယမျိုးဆက်နတ်ဆိုးတစ်ကောင်လေ၊ သူက ဘယ်လိုလုပ် သာမာန်လူတစ်ယောက် ဖြစ်မှာတဲ့တုန်း...။

သို့သော် ချီချန်အန်း၏အထောက်အထားအမှန်ကို သူကကူညီ၍ဖုံးကွယ်ပေးရမည့်‌အကြောင်း စိတ်ထဲမှတ်ထားကာ ရွှီလော့ယန်က စကားလမ်းကြောင်းလွှဲလိုက်သည်။

ကုမ္ပဏီတွင်လုပ်စရာကိစ္စများ ကျန်ရှိနေသေးသည့်အတွက်၊ ရှင်းပြစရာရှိတာများကို ရှင်းပြပြီးသည့်နောက်၊ ကျန်းသုန့်က ပြန်သွားရန်အဆင်သင့်ဖြစ်နေပေပြီ။ သို့သော်သူက မပြန်ခင် ရွှီလော့ယန်အား မှာကြားရန်မမေ့ပေ။

"ရိုးရိုးသားသားနေ အစားလျော့စား ဒါမှမဟုတ် အသားမစားနဲ့ အိုင်ဒေါလ်တစ်ယောက်ဖြစ်ကြောင်း အသိလေးတော့ရှိဦး ဟုတ်ပြီလား...မင်းသာ ဝလာရင် အဝတ်အစားဒီဇိုင်နာက နေရာမှာတင် ပေါက်ကွဲလိမ့်မယ်"

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Dove le storie prendono vita. Scoprilo ora