ကျွန်တော့်သူငယ်ချင်းက

"ညီလေး စာသင်လို့ပြီးသွားပြီလား သားရော"

" ဟုတ်တယ် ဖိုးသား(သားကြီး) က toiletဝင်သွားတယ်"

"ညီလေးပြန်တော့ မလို့လား ကိုကြီး လိုက်ပို့မယ် လေ"

"နေပါစေ ကိုကြီးရယ် ကို ကြီး ဧည့်သည်ရှိနေတာ ကို အားနာစရာကြီး စကားဆက်ပြောပါ ကျွန်တော့ ဘာသာ ပြန်လိုက်ပါ့မယ်"

" မဟုတ်တာကွာ ဒါကိုကြီးသူငယ်ချင်း Doctorတေဇာ တဲ့ ကိုကြီးအဖေကို လာ ကြည့်တာ သူလဲ ပြန်တော့မှာ''

သံလေးရှတတနဲ့ ကောင်လေး က ကျွန်တော့ကိုနှုတ်ဆက်သလိုပြုံးပြ နှုတ်ဆက်သည်
သွားထက်လေးနဲ့ ကောင်လေး က တရုတ်စပ် လေး ဖြစ်ပုံ ရသည် ။ခပ်နွဲ့နွဲ့နဲ့ gayတစ်ယောက်ဖြစ်ဖို့များသည်။
အလိုက်သင့်လေး ပြန်ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။

"ဟုတ်တယ် ညီ ကိုယ် လဲ ပြန်တော့မှာ ပါ"

ပြောနေကြရင်း ခြံစောင် က ဝင်လာပြီး ကျွန်တော့ သူငယ်ချင်းကို

"ဆရာ ဆရာကို လူတစ်ယောက် တွေ့ချင်လို့ တဲ့" ပြောရင်းသိပ်မကြာ နောက်ကနေ လူတစ်ယောက် လိုက်လာသည်။

ထို လူက သူ့ရဲ့စီးပွားရေး partnerတစ်ယောက် ဖြစ်ပုံ ရသည်။ ထိုလူကို ဧည့်ခန်းမှာ
စောင့်နေဖို့ ပြောရင်း ကျွန်တော်တို့ဖက်ပြန်လှည့်လာရင်း

''အဲ့ဒါမှဒုက္ခဘဲ ညီလေး ကို ကို ကြီး လိုက်မပို့နိုင်တော့ဘူး ကွာ အခု ကိုယ့်မှာ ကိစ္စ တွေပေါ်လာပြီ ၊ နေဦးdriverကို ​ေခါ်လိုက်မယ်''

"ဟာ ကိုကြီးကလဲ မဟုတ်တာ ဗျာ ကျွန်တော့ဘာသာဘဲ ပြန်လိုက်ပါမယ်ဆို''

​ြင င်း ခုန်နေကြတဲ့ သူတို့ နှစ်ယောက်ကို

"ဒီလိုလုပ်မလား ဟျောင့် ငါ ဒီက ညီလေးကို လိုက်ပို့ပေးမယ် အဒါဆို အဆင်ပြေတယ်မလား"

"ရပါတယ်အကိုရယ် ညီ့ဘာသာပြန်လိုက်ပါ့မယ်"

"မရဘူး ကိုကြီးစိတ်မချဘူး ဒီကောင်ပြန်လိုက်ပို့မယ် ဆိုရင်တော့ကိုကြီးစိတ်ချတယ်၊
အင်း အလိုဘဲ လုပ်လိုက်တာပေါ့ တေဇာ ငညီလေးကို သေသေချာချာ ပြန်ပို့ပေးလိုက်ပါကွာ"

Bad Guy (လူဆိုး)Nơi câu chuyện tồn tại. Hãy khám phá bây giờ