ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

Începe de la început
                                    

ဇာတ်လိုက်တစ်ယောက်အနေဖြင့် မျက်နှာအမူအယာအေးစက်လေလေ ကောင်းမွန်လေဖြစ်ပြီး စကားနည်းလေ ပသာဒကျလေဖြစ်သည်။ အမြောက်စာဇာတ်ကောင်က မကျေမနပ်ပြုမူနေပြီး သူ့အပြုအမူကြောင့် ရန်စသကဲ့သို့ ဖြစ်သွားသည်နှင့် တူသည်။ သူက အောက်ငုံ့ကာ မြေပြင်မှ အုပ်ခဲကို ကောက်လိုက်ပြိး ဇာတ်လိုက်ဦးခေါင်းထံ တစ်ချက်တည်း ပစ်လွှတ်လိုက်၏။

ချက်ချင်းပင် သွေးများ သူ့ခေါင်းမှ ကျဆင်းလာသည်။ ဖန်သားပြင်၏ တစ်ဝက်လောက်တွင် ဇာတ်လိုက်မင်းသား၏ သွေးများပေကျံနေသည့် မျက်နှာကြီး ပေါ်နေပေသည်။

သွေးလား..

ကျင်းစစ်သည် လန့်သွားပြီး မသိစိတ်မှ ယင်းကျောင်းထံလှည့်ကြည့် လိုက်မိသည်။

သူ့ခေါင်းအား မလှည့်လိုက်မိခင်ပင် ယင်းကျောင်းသည် သူ့လက်မောင်းထဲသို့ လဲကျသွားလေသည်။

ယင်းကျောင်းသည် သူ၏မျက်လုံးအား တင်းကြပ်စွာပိတ်ထားပြီ နဖူးပေါ်၌ ချွေးအေးများဖြင့် သတိရတစ်ဝက် မရတစ်ဝက် အခြေအနေသို့ကျရောက်နေသည်။

“ယင်းကျောင်း…”

ကျင်းစစ်သည် သူ့အား အသံတိုးတိုးဖြင့် ခေါ်ကြည့်လိုက်ပြီး ယင်းကျောင်းက လုံးဝမတုံ့ပြန်ချေ။

ကျင်းစစ်သည် ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်သည်။ သူတို့က အလယ်တည့်တည့်၌ ထိုင်နေခဲ့ပြီး ဘေးနှစ်ဘက်၌ လူများစွာရှိသည်။ ယင်းကျောင်းသည် သတိရမလာသေးချေ။ သူ့အတွက် ထွက်သွားရန်မဖြစ်နိုင်ပေ။ ယင်းကျောင်းနိုးလာရန်စောင့်ဆိုင်းရုံသာ သူတတ်နိုင်ပေသည်။

ဤသည်က ယင်းကျောင်းသွေးမြင်၍ မေ့လဲခြင်းအား ကြုံရသည်မှာ သူ့အတွက်ပထမဆုံးအကြိမ် ဖြစ်ပြီး ကျင်းစစ်သည် သူ့လက်မောင်းအား ဆိတ်လိုက်ခြင်းဖြင့် သူ့အားနိုးလိုက်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ကျင်းစစ် အကြိမ်များစွာ ကြိုးစားကြည့်သော်လည်း သူမှန်မှန်ကန်ကန် မလုပ်နိုင်ပေ။ သူသည် ယင်းကျောင်း၏ ပူနေဆဲဖြစ်သည့် မျက်နှာအား မစ်တီးခွက်ဖြင့် ကပ်ပြီး သူ့အား လက်ဖြင့်ဆက်တိုက်လှုပ်ကာ သူ့နာမည်အား နားအနီးနားသို့ ကပ်၍ တိုးတိုးတိတ်တိတ် ခေါ်နေလိုက်သည်။

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Unde poveștirile trăiesc. Descoperă acum