''လွှတ်စမ်းလိုတရ....ငါ့အသားကိုမင်းထိစရာဘာအကြောင်းမှမရှိဘူး....''

သူမရဲ့လက်ကောက်ဝတ်တစ်ဖက်ကိုတတဆုပ်ကိုင်ထားတော့အသားကုန်ရုန်းလေသည်....

''ဟက်...အတော်တရားကျဖို့ကောင်းတာဘဲ....အန်တီကျကျွန်မပါးကိုရိုက်လို့ရပြီး....ကျွန်မကျအန်တီ့လက်တောင်ကိုင်မရဘူးတဲ့လား......''

လက်ကောက်ဝတ်ကိုပိုပြီးခပ်ကြမ်းကြမ်းဖမ်းကိုင်ထားလိုက်ပြီး......သူမမျက်ဝန်းကိုတည့်တည့်ကြည့်ကာ....

''မိုဘီ....မင်းဝင်လာခဲ့လို့ရပြီ''

ရုံးခန်းအပြင်က..တတရဲ့လူယုံကရုံးခန်းထဲဝင်လာသည်......

''ဒီနေ့ဒီချိန်ကစပြီး...Sunflower company ဟာ..Kingdom ရဲ့အပိုင်ဖြစ်သွားပြီလို့ရှိသမျှသတင်းစာတိုင်းမှာကြေညာလိုက်ပါ.......ပြီးတော့...sunflower ဆိုတဲ့ပေါကြောင်ကြောင်နာမည်ကိုပါတစ်ခါထဲဖျက်သိမ်းခဲ့''

''ဟုတ်ကဲ့ပါမမလေး.....''

''အခုဘဲသွားစီစဉ်တော့''

မိုဘီရုံးခန်းထဲကထွက်သွားချိန်မှာဘဲ...သူမသည်ခွေယိုင်ကျသွားကာ...

''ဟင်အင်း.....ငါတောင်းပန်ပါတယ် လိုတရ....ဒီကုမ္ပဏီက....ငါ့ဖေဖေ့ဘဝတစ်လျှောက်လုံးပေးဆပ်ခဲ့ရတဲ့နေရာပါ...ကျန်တဲ့အိမ်တွေခြံတွေအကုန်မင်းယူသွားပါ......ဒီကုမ္ပဏီလေးကိုတော့ထားခဲ့ပေးပါ.....''

'စိတ်တော့မရှိပါနဲ့အန်တီ....ကျွန်မကစာချုပ်အတိုင်းဘဲလိုက်နာမှာပါ........''

လဲကျနေသောသူနအားအတင်းဆောင့်ဆွဲကာမတ်တပ်ရပ်ခိုင်းလိုက်ပြီး....

''သွားကြစို့အန်တီ......''

''ငါကဘယ်ကိုသွားရမှာလဲ....''

''စာချုပ်ပါစည်းကမ်းတွေအတိုင်း.....ခုတင်ပေါ်မှာအန်တီ..ကျွန်မနာမည်ကိုခေါ်ဖို့လေ.......''

''မင်းငါ့ကိုဘယ်လိုမိန်းမလို့ထင်နေတာလဲလိုတရ''

''တကယ်ပြောရမှာလား........အင်း....ဘဝင်လေဟက်နေတဲ့အလကားမိန်းမပေါ့.......သွားကြရအောင် ကျွန်မစိတ်မရှည်ရင်ဒီနေရာမှာဘဲအန်တီ့ထဘီကျွတ်သွားလိမ့်မယ်....''

မာနတို့သည်နှလုံးသားကိုအရှုံးပေးရ၏Where stories live. Discover now