"ပါးပါး"

"ကျုပ်ဒီမှာတစ်နေကုန်နေမှာပါ ဘာလဲသားမက်လာတာကို
နှင်ထုတ်တာလား..."

"...."

ရှောင်ကျန့်ပါးနဲ့ မြို့အုပ်၀မ်ကြားထဲမှာ ပဋိပက္ခတွေဖြစ်တော့မဲ့ပုံစံ
ရှောင်ကျန့်ကတော့ဟိုကြည့်ဒိကြည့်နဲ့ ။

"ကောင်းပြီလေ...အဲ့တာဆိုလည်း...ထိုင်ကျချည်..."

"...."

"အာ...ဟုတ်သား သားမက်ကမြို့အုပ်ဖြစ်နေလို့ ယဉ်ယဉ်‌ကျေးကျေး
ပြောဖို့လိုရဲ့လား..."

"ပါးပါးကလည်း....ဒါကပါးပါးရဲ့သားမက်ပဲကို လွတ်လွတ်လပ်လပ်ပဲပြောပေါ့နော်...."

"တိတ်စမ်း! ရှောင်ကျန့် မင်းကိုမေးနေတာမဟုတ်ဘူး"

"...."

"ခင်ဗျားကယဉ်ကျေးချင်နေသပဆိုရင်လည်း ကျုပ်မတားပါဘူး"

"...."

"ဒါနဲ့ ရှိသေးတယ် ကျုပ်ကိုယဉ်ယဉ်ကျေးကျေးပြောတာနဲ့..."

‌မြို့အုပ်၀မ်ကစကားစကိုဖြတ်ပြီး ဘေးနားမှာထိုင်နေသောရှောင်ကျန့်လက်ကိုဆုပ်ကိုင်လိုက်သည်။

"ကျုပ်ယောကျာ်းကိုပါ ယဉ်ယဉ်ကျေးကျေးပြောရမယ်...."

ရှောင်ကျန့်ပါးက မျက်မှန်ကိုပင့်တင်လို့ ခပ်ပါးပါးပြုံးလိုက်သည်
မြို့အုပ်ဆိုတဲ့အတိုင်းတကယ်မလွယ်ကြောပါပဲလား။

🐰

ကြီးမားတဲ့အိမ်တော်မှာအခန်းတွေတစ်ပုံကြီးပဲရှိကြတယ် ‌မြို့အုပ်၀မ်
အိမ်တော်မှာဆိုရင် အပေါ်ဆုံးထပ်မှာသာ မိသားစု၀င်အခန်းတွေရယ် ဘိုးဘွားကန်တော့တဲ့အခန်းရယ်ပဲရှိတယ်
မြို့အုပ်၀မ်ရဲ့အလုပ်ခန်း စာဖတ်ခန်းတွေကတော့ ဒုတိယထပ်မှာပဲ
ရှိတယ် ကျန်တဲ့ထမင်းစားခန်းတွေကကျတော့တတိယထပ်မှာပဲရှိတယ်
ဒါပေမဲ့ ရှောင်းအိမ်တော်မှာက တစ်အိမ်လုံးနီးပါးကမိသားစု
တွေအတူတူနေကျတာကြီးပဲ တစ်၀မ်းကွဲမိသားစုတွေကအစ
အတူတူနေကြတာ သူတို့မျိုးရိုးနဲ့ကွာတယ်။

"မြို့အုပ်၀မ်ကို ကျန့်ကျန့်အခန်းလိုက်ပြမယ်...."

"...."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now