ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ဂျီယာဟာပန်းတွေကိုမယူပါဘဲ ဂျီအွန်းလက်ကလေးတွေကိုခပ်ဖြည်းဖြည်းပြန်တွန်းလိုက်လေသည်။

“ဒီနေ့ အဲ့ဒီဒါလီယာပန်းတွေကို တို့မင်းကိုပေးတယ် ဂျီအွန်း”

“.......”

“တို့သိတယ် ဂျီအွန်းက ဒါလီယာတွေကိုအရမ်းချစ်တာမလား”

ပန်းနု‌ရောင်သန်းနေတဲ့ဂျီယာ့နှုတ်ခမ်း‌လေးတွေက ဖွဖွကလေးကွေးညွှတ်လာသည်။ မလှုပ်မရှားရှိနေတဲ့မျက်ဝန်းအိမ်တွေနဲ့ ရိုးသားလွန်းတဲ့ကောင်လေးက သူမစကားကို ငြိမ်သက်ကာနားထောင်နေပြီး တုန့်ပြန်မလာခဲ့။

ဂျီယာက သူမလက်တစ်ဖက်ကိုဆန့်ထုတ်ပြီး မျက်စိရှေ့မှာရှိနေတဲ့ ကောင်လေးရဲ့ခေါင်းကိုဖြေးညှင်းစွာလှမ်းပုတ်လိုက်သည်။ ခပ်ဖွာဖွာကလေးဖြစ်နေတဲ့ဆံပင်တွေကို သုံးလေးကြိမ်လောက်ပွတ်သပ်ပေးရင်း ဂျီယာဟာ ဆိုလာခဲ့တယ်။

“အများကြီးမဟုတ်တောင် အသက်ရှူနေတဲ့အချိန်တိုင်းမှာပြုံးပျော်နေပေးပါ ဂျီအွန်း”

ဂျီယာ့အတွက် နှစ်ယောက်မရှိနိုင်တဲ့ အဖိုးတန်ဆုံးဖြစ်တည်မှုက ဒီကောင်လေးဖြစ်လိမ့်မည်။ သူမ အချစ်ကသိပ်အေးချမ်းတာ။ ပျော်နေဖို့လက်လွှတ်ပေးတာမဟုတ်ဘဲ ပျော်အောင်လို့ဖန်တီးပေးချင်တာ။ အဲ့ဒီအတွက် သူမက အမြဲတမ်းအကောင်းဆုံးကြိုးစားခဲ့တယ်။ သူမရဲ့ မောင်ကိုတောင်မှ အခွင့်အရေးတွေအကြိမ်ကြိမ်ပေးခဲ့ပြီးတော့လေ။

“ကဲ..ဒါဆို တို့ပြန်တော့မယ် ဂျီအွန်း၊ နေမကောင်းရင်သေချာပေါက် အိမ်ပြန်နားရမယ်နော်”

အားနာစရာပါပဲ ဂျီအွန်းဟာ ဘာစကားမှမတုန့်ပြန်နိုင်ခဲ့ဘူး။ ဒီလိုအခြေအနေဟာမကြာခဏဖြစ်တတ်ပြီး ဂျီယာကတော့အမြဲတမ်းနားလည်ပေးတတ်တယ်။ သူမ ကပန်းဖိုးကိုထားခဲ့ပြီး ဆိုင်လေးထဲကပြန်ထွက်သွားခဲ့ကာ ဂျီအွန်းကတော့ ငူငူငိုင်ငိုင်ဖြင့်သာကျန်နေခဲ့သည်။

ချစ်ခြင်းမေတ္တာတွေဟာ ပြန်မရတဲ့အခါနာကျင်ရသလို ပြန်မပေးနိုင်တဲ့အခါတိုင်းမှာလည်းအားနာရပြန်တယ်။ ဂျီယာက သူ့ဘေးမှာ အမြဲရှိနေပေးခဲ့ပေမယ့် ဂျီအွန်းနှလုံးသားကတော့ ဒါလီမြို့မှာမရှိတဲ့ အမျိုးသားတစ်ယောက်ကိုသာတောင်းတနေခဲ့တာ။

𝙷𝚒𝚜..." 𝚂𝚑𝚎𝚗 "Wo Geschichten leben. Entdecke jetzt