ကျောင်းက အနည်းငယ်တော့ ဝေးသည်မို့ ဘတ်စ်နဲ့ သွားရပါသည်။ မှတ်တိုင်ကိုရောက်တော့လည်း လူတွေ တိုးကျိတ်ကာဖြင့် သွားရ၏။ နေ့စဉ်ဘဝက ဒီလိုပဲမို့ အထူးတလည် မရှိလှပါဘူး...

ကျောင်းရောက်ချိန်က ဘဲလ်တီးဖို့ မိနစ်ပိုင်း အလိုသာ ဖြစ်သည်။ ကိုရိန်းက လက်မောင်းကို မနာအောင် တစ်ချက်ထိုးပြီး မျက်စောင်းခဲ၏။

"မင်းလုပ်လို့ အပြစ်ပေးခံရတော့မလို့... နောက်ရက်တွေကျ မနက် စောစော ထစမ်းပါကွာ"

ကျောင်းက ဂိတ်စောင့်သည့် ဆရာက သိပ်စည်းကမ်း တင်းကြပ်ပါသည်။ ၈ နာရီခွဲ အတိကို တစ်စက္ကန့်လေး စွန်းရင်တောင် နောက်ကျလို့ ဒဏ်ပေးခံရသည်။

"အခုမှ နောက်မကျတာ"

ကိုရိန်း လက်‌ေမာင်းကို တစ်ချက် ပြန်ထိုးပြီး အခန်းထဲကိုသာ မြန်မြန်သွားလိုက်တော့သည်။ အထက်တန်း တတိယနှစ်မှာမို့ နောက်နှစ်ဆို စီနီယာတန်းကို ရောက်ပြီ ဖြစ်သည်။

မကြာခင်ဆို တက္ကသိုလ်ရောက်တော့မည်မို့ စိတ်လှုပ်ရှားသည်ကတော့ အမှန်ပါရယ်...

"အင်္ဂလိပ် ဆရာမက မွေးဖွားခွင့် ယူတော့မှာတဲ့... နောက်ရောက်လာမှာက ယောက်ျား‌ေလး ဆရာလို့ ပြောနေကြတယ်။ သူက ဆိုလ်း တက္ကသိုလ်မှာ Master နဲ့ ပြီးထားတာတဲ့လေ... နောက် နှစ်အနည်းငယ်လောက်ဆို Ph.D. အတွက် နိုင်ငံခြားမှာ ကျောင်းသွားတက်မှာ ဆိုပဲ။ ရောက်လာမယ့် ဆရာအသစ်က သိပ်တော်တာ"

"နင်က ဘယ်လိုလုပ် သ‌ိနေတာလဲ"

"ဆရာက တက္ကသိုလ်က အင်္ဂလိပ်စာ ‌ပါမောက္ခရဲ့ သားလေ... ငါ့အဖေနဲ့ နည်းနည်းလေး သိလို့ပေါ့"

အနောက်ဘက်ခြမ်းမှ ခုံမှာ မိန်းကလေးတွေ စုပြုံပြီး စကားပြောနေသည်က တိုးတိုးလေး မဟုတ်လို့ ကျွန်တော့် နေရာအထိတောင် ကြားရပါသည်။

အခု ပြောနေသူက အတန်းထဲမှာ စာအတော်ဆုံး ဖြစ်သည့် သင်္ချာ ပါမောက္ခရဲ့ သမီးဖြစ်သည်။ သူ့လို လူတစ်ယောက် ပေးလာသည့် သတင်းက မှားစရာရယ်လို့တော့ မရှိပါဘူး။

မွေးဖွားခွင့်ယူမည့် အင်္ဂလိပ် ဆရာမက ပြီးခဲ့သည့် အထက်တန်း ၂ နှစ်လုံး စာသင်ခဲ့ရသည်မို့ လွမ်းသလိုတော့ ရှိမိပါသည်။

Kissing In The Moonlight [Completed]Where stories live. Discover now