ဂျယ်ယွန်းမှာ ငြင်းလို့မကောင်းတာကြောင့် ခေါင်းညိတ်လိုက်ရသည်။


"ကောင်းပါပြီ ကျွန်တော်လာခဲ့ပါ့မယ်"


"ဒါဆို ကျွန်‌ေတာ်မျိုးကို သွားခွင့်ပြုပါဦး"


အိမ်တော်ထိန်းမှာ ဂျယ်ယွန်း၏ ခြောက်ကပ်နေသော ခြံ၀န်း၌ ခဏမျှပင်မနေချင်ဟန်ဖြင့် ချက်ချင်း ပြန်ထွက်သွားတော့၏။



"သခင်လေး ကျွန်မတို့သွားလို့ အဆင်ပြေပါ့မလား"


"ညစာလေးပဲလေ ဘာမှမဖြစ်ပါဘူးဗျာ"


စိတ်ပူနေတဲ့ နို့ထိန်းမေမေကို ဂျယ်ယွန်းက နှစ်သိမ့်လိုက်သည်။


သူ့အနေနဲ့လဲသွားချင်စိတ်သေးသေးလေးတောင်ရှိမနေပေမဲ့ ထိုလူများက သူ့ကိုခေါ်လာပြီး ဘာလုပ်ချင်နေတာလဲဆိုသည့်အကြောင်းသိချင်သေးသည်။


ထို့အပြင် ဒီရက်တွေမှာ  သူက အိမ်ထဲကအိမ်ပြင် မထွက်ဖူးတာမို့ အပြင်ထွက်ပြီး မြို့တော်ကိုလဲ စူးစမ်းချင်သေးသည်။


အရေးကြီးဆုံးအချက်က အင်ပါယာတက္ကသိုလ်တွင် ပညာသင်ယူခွင့်ရချင်မိပြီး သူ၏ ပြီးမြောက်ခါနီး ကျမ်းကို ဆက်ပြီး ပြုစုချင်နေသည်။



အင်ပါယာ‌ကျောင်းတော်သားတစ်ဦးဦးက ထူးချွန်ပြောင်မြောက်သော ကျမ်းတစ်ခုခုအား ပြုစုခဲ့ပါက ထိုကျမ်းသည် ပညာရှိများနှင့် ဧကရာဇ်၏ အသိအမှတ်ပြုမှုကိုပါ ရရှိခဲ့လျှင် တရား၀င် ထုတ်ဝေကာ ချီးမြှောက်‌ခံရလိမ့်မည်ဖြစ်ကြောင်း ဂျယ်ယွန်းကြားဖူးလေသည်။


ဂျယ်ယွန်းမှာ သူ၏ ဆေးကျမ်းကို ဧကရာဇ်က အသိအမှတ်ပြုပြီး ထုတ်ဝေခွင့်ရခဲ့ပါက ဝေးလံခေါင်ဖျားသောနယ်စပ်ဒေသများနှင့် ဆင်းရဲနွမ်းပါးသော ပြည်သူများအဖို့ သမားတော်ပြသရန် ဆေးဖိုးမရှိသဖြင့် အသက်ဆုံးရှုံးမှု နည်းပါးသွားစေရန် မျှော်လင့်မိသည်။



ထို့ကြောင့် ဒီကနေ့ညတွင် အမတ်ကြီးနှင့်တွေ့ပြီး အပြင်ထွက်ဖို့နဲ့ ကျောင်းတက်ဖို့အကြောင်းခွင့်တောင်းကာ စကားပြောရမည်မို့ မသွားမဖြစ်သွားရပေမည်။



𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Where stories live. Discover now