တိုက်မြွေကတော့မတူဘူး
သူကသာမန်ဆိုရွှံ့ရုပ်ကလေးဘဲ
အောက်လမ်းဆရာခိုင်းမှ မြွေကြီးဖြစ်သွားတာ
တိုက်မြွေကိုက်ရင်ကုစရာဆေးမရှိဘူး....."

"အော် အဲ့တာဆိုရွာသားတွေသေတာတိုက်မြွေကြောင့်ပေါ့"

"အင်းသေချာသလောက်ဘဲဒါပေမဲ့....."

"ဒါပေမဲ့ဘာဖြစ်လဲ...."

"အောက်လမ်းဆရာသာဂကသေပြီ
တိုက်မြွေအစီအရင်ကိုဘယ်သူကလုပ်မှာလဲ"
ဒီအချက်ကိုအသင်္ခရာအတော်လေးစဥ်းစားနေရတာဖြစ်သည်
လောလောဆယ်တစ်နယ်တစ်ကျေးကအောက်လမ်းဆရာ ဒီနယ်ကိုဝင်လာတာမျိုး
သူအနံ့ခံမရဘူး
ဧကန္တဒီနယ်ထဲမှာ သာဂအပြင်နောက်ထပ်အောက်လမ်းရာရှိနေသေးလို့လား"

ထိုစဥ်ဘုရားဂူရွာသားတွေကတုတ်ဓါးဆွဲကာ
အသင်္ခရာအားဝိုင်းရံလိုက်ကြသည်
"သူ့ကိုဝိုင်းလိုက်ကြ!"

"သူကြီး ဘာတွေဖြစ်နေကြတာလဲ"
ဝဏ္ဏနားမလည်တော့ပါ
ရုတ်တရက်ကြီး သူကြီးတို့ကအသင်္ခရာကိုရွံမုန်းသွားပြီး
ရန်လိုနေရတာလဲ

"ဆရာလေးဒီဘက်ကိုလာ အဲ့ကောင်ကမကောင်းဆိုးဝါးမြွေကောင်
သူကကျုပ်ရွာသားတွေကိုသတ်ပစ်နေတာ"

"ပေါက်ကရတွေ....."

"သူတို့ပြောတာပေါက်ကရတွေမဟုတ်မှန်းမင်းသိပါတယ်"

လူအုပ်ကြားထဲကတိုးထွက်လာတဲ့လူတစ်ယောက်ကိုဝဏ္ဏသေချာကြည့်လိုက်သည်
တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာတွေအပြည့်နှင့်မို့ ဒီလူအသွင်ကအတော်လေးကြောက်စရာကောင်းနေတယ်

"ကိုယ့် ယောက္ခထီးလောင်းဖြစ်ခဲ့ဖူးတဲ့သူကိုမေ့သွားပြီလား...."

ထိုအခါမှဒီလူဟာဦးရာမမှန်းသိသွားတော့သည်
အရမ်းကိုစမတ်ကျသန့်ပြန်တဲ့ဦးရာမက အခုတော့ မမှတ်မိချင်စရာအသွင်အပြင်ဖြစ်နေတော့သည်

"ဦးရာမ....."

"ဟုတ်တယ်ငါ ရာမဘဲ ငါ့သမီးနဲ့ငါကိုယ်တိုင်အတွက်မင်းတို့ကိုသွေးကြွေးလာတောင်းတာ!"

ဦးရာမမျက်ဝန်းထဲမှ အမုန်းတရားတွေကအပြင်တောင်လျှံထွက်လာမလားထင်မှတ်ရသည်
သူဒဏ်ရာများစွာနဲ့အသင်္ခရာလက်ကထွက်ပြေးလာပြီးနောက်
သာဂနေထိုင်ခဲ့သည့်ဂူထဲမှာဘဲနေထိုင်ခဲ့ရတာဖြစ်သည်
သူ့ဒဏ်ရာတွေကတဆစ်ဆစ်နာလာလေ အသင်္ခရာကိုသတ်ချင်လေလေဘဲ

မြွေဖြူအရှင်《Complete 》Where stories live. Discover now