🍁//Chapter-10//🍁

Bắt đầu từ đầu
                                    

မြို့အုပ်မင်းကို ခွေးနှင့်ပင် နှိုင်းပြောနေသော်လည်း မြို့အုပ်မင်းဟာ ခပ်ဟဟသာ ရယ်တော့သည်...ဘယ်သူက ရိုင်းသလဲ အသေးကောင်လေးသာ တွေးကြည့်ပေတော့....

"ကျုပ်က ယဥ်ကျေးပါတယ်...ခင်ဗျားမလို့ကို ရိုင်းပြနေရတာ...ကျုပ် ယဥ်ကျေးပြူငှာတာကို မြင်ချင်ရင်တော့...အသေးကောင်လေးရဲ့အနားကို မကပ်နဲ့ပေါ့...အဲ့ဒီလိုဆို..ကျုပ်က ကန်တော့ပွဲတွေနဲ့ကို တန်းစီပြီးလာတောင်းပန်ဦးမယ် ရိုင်းပြမိတဲ့အတွက်..."

''အစ်ကို...ဒီမြို့အုပ်မင်းက တကယ်ပဲ...ဘာလဲ"

နားမလည်နိုင်သည့်အကြည့်တွေနှင့် ထိုမိန်းကလေးဟာ အသေးကောင်လေးကို မေးတော့..အသေးကောင်လေးဟာ စကားလမ်းကြောင်းလွှဲလို့ ထိုမိန်းကလေးနှင့် တခြားနေရာသို့ ထွက်သွားလေတော့သည်...

"ကျုပ်အသဲတွေတော့ ကွဲကုန်တော့မှာပဲ..အသေးကောင်လေးရယ်..."

လက်ထဲက ဝီစကီကို ခမ်ကြမ်းကြမ်းမော့သောက်လို့ မြို့အုပ်မင်းမှာ ခပ်တိုးတိုးရေရွတ်လိုက်သည်.......
အပါးတော်မြဲကြီးကတော့ ပုခုံးကို ပုတ်လို့ နှစ်သိမ့်ပေးပါရဲ့...နာတာက ဟော့ဒီ့ ရင်ဘတ်ထဲက နှလုံးသားလေး လေ သို့သော် ကုပေးနိုင်တာကလည်း အသေးကောင်လေး တစ်ယောက်ထဲရယ်...ကျုပ်မယ် နေရခက်လိုက်လေခြင်း အသေးကောင်လေးရယ်...

x x x x x x x x x x x x x x x x x

"ဒါဘာလုပ်တာလဲ..ကျွန်တော့်ရဲ့လက်ကို လွှတ်ပါ..မြို့အုပ်မင်း.... "

အခမ်းနားလုပ်နေသည့် နေရာနှင့်ခပ်လှမ်းလှမ်းမှာ ရှိသည့် အဆောက်အဦးတစ်ခု အနား မြို့အုပ်မင်းက ဆွဲခေါ်လာသည်မလို့...Khaotung စိတ်မရှည်စွာ အော်လိုက်တော့မှ...လက်ကို လွှတ်လာတဲ့ မြို့အုပ်မင်း...... မျက်လုံးတွေကလည်း ရဲတွတ်နေသည်.....။
ဘယ်လောက်တောင် သောက်စားထားပါလိမ့်.......

"ကျုပ်ကိုလေ..မရှိသည့်လူတစ်ယောက်လို ပစ်ပယ်ထားတာတော့ မလုပ်သင့်ဘူးမလားဟင်..အသေးကောင်လေးရယ်.."

အခမ်းနားမှာရှိသည့် လူအားလုံးဟာ မြို့အုပ်မင်းကို အလုအယက် အပြိုင်အဆိုင် လာပြောကြသော်ငြား...အသေးကောင်လေးဆိုတဲ့...
အသဲသက်ညှာလေးကတော့ တစ်ချက်တောင် ပြန်၍လှည့်မကြည့်ပဲ...လျစ်လျူရှု ထားသည်မလို့ စိတ်ဆိုးနေသည်နှင့်တူပါရဲ့......

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Nơi câu chuyện tồn tại. Hãy khám phá bây giờ