သူစကားတောင်မစရသေး အကိုက စကားထဖြတ်တယ်...

"ဘာလဲ.."

"ကိုယ်တိုးတိုးလေးပြောပြမယ်လေ....."

အကို့စကားကို မျက်မှောင်ကြုံလိုက်ပြီး တွက်ဆတော့ ပုံမှန်ဟုတ်မနေ....
ရိပေါ်က ဟိုဘက်ဒီဘက်ဝေ့ကြည့်ပြီး

"ဒီမှာ ကျွန်တော်တို့နှစ်ယောက်ပဲရှိတာလေ.."

"ဒါပေမဲ့ တိုးတိုးလေးပဲ ပြောချင်တာ...."

ရှောင်းကျန်မျက်နှာဟာ ပြုံးစစ...
မျက်​မှောင်ကြုံလို့ မျက်တောင်တဖျက်ဖျက်ခတ်ရင်း နားတစ်ဖက်စောင်းကာ ခေါင်းငုံ့လာတဲ့ကောင်လေးကို ရှောင်းကျန့်မှာ အသည်းယားလွန်းလို့ ခေါင်းထောင်ကာ ​မော့နမ်းမိတော့တာပဲ..

"ဟာ အကို.."

ဒီနေရာအထိ ရဲရဲဝံ့ဝံ့လိုက်လာပြီး အခုလိုမျိုးအရှက်သည်းနေတဲ့ကောင်လေးက မာကျူရီမီးရောင်အောက်မှာတောင် နားရွက်ဖျားတွေရော ပါးလုံးကလေးတွေရော နီရဲလို့....

သူမျက်နှာချင်းဆိုင်ထထိုင်လိုက်ပြီး ရိပေါ်ပါးနှစ်ဖက်ကို လက်ချောင်းထိပ်ကလေးတွေနဲ့တို့ထိမိရင်း နှာခေါင်းလုံးလေးကိုနမ်းမိပြန်တယ်...

"စောနကလို မျက်မှောင်​ကြုံ့ကြည့်ပါဦး... အရမ်းချစ်ဖို့ကောင်းလွန်းလို့.."

"အဲ့လို လူလည်ကျလို့ရတယ်ပေါ့..."

"မင်းက ကိုယ့်ကောင်လေးလေ..."

"အဲ့ဒီ အကိုကနော်...."

ပြုံးရယ်လာတဲ့ ဝမ်ရိပေါ်လေးက နူးနူးညံ့ညံ့မိန်းက​လေးမဟုတ်သူမို့ သူ့ရင်ဘတ်ကို လက်သီးဆုတ်နဲ့ ခပ်ဖွဖွတစ်ချက်ထိုးကာတုံ့ပြန်ရဲ့...

"ဆွဲကြိုးလေးဆွဲထားတာပဲ.."

ရိပေါ်ရဲ့လှုပ်ရှားမှုတစ်ချက်မှာ အကျီ​လည်ပင်းအောက်ကနေ ထွက်အံကျလာတဲ့ ဆွဲကြိုးလေး...
ရိပေါ်က လည်ပင်းဆီငုံ့ကြည့်လို့ အရိုးဆွဲကြိုးလေးကို ပင့်ကိုင်ကြည့်တယ်...

"​ကျွန်တော်သေချာထိန်းသိမ်းထားတာ...နည်းနည်းတောင်အထိအခိုက်မခံပဲနဲ့လေ... အရမ်းတော်တယ်မလား..."

ဆွဲကြိုးလေးက ရိပေါ်လည်တိုင်ပေါ်မှာမို့ထင်..
သိပ်ကိုတောက်ပကြည်စင်နေတော့တာ...

နေသာတဲ့နေ့တွေမှာဆို ခင်ဗျားကိုနမ်းချင်တယ် [Completed]Where stories live. Discover now