ထမင်းချိုင့်လေးကိုင်လို့ အခန်းထဲဝင်လာတဲ့ အသေးကောင်လေးကြောင့် မြို့အုပ်မင်းမှာ ငရံ့ပြာလူးနေသလိုပင်....ထိုင်ရမလိုလို..ထရတော့ပင်မလိုလိုနဲ့ ဗျာများနေရှာသည်....အသေးကောင်လေးရဲ့ နေရာမှာ တခြား အရေးပိုင်မင်းတစ်ယောက် ယောက်ဆိုလျှင် မြို့အုပ်မင်း ဒီလို အနေထိုင်ပိရိပေးနေစရာ မလိုအပ်ပေ......

"ဒါကတော့..အသေးကောင်လေးရဲ့အပြုစုကို ခံချင်တာကိုးလို့ ကျုပ်က..... "

လှဲနေရာက ထထိုင်ကာ ပြောတဲ့ မြို့အုပ်မင်းရှိရာ..ကုတင်ပေါ်သို့..အသေးကောင်လေးမှာ ထိုင်လိုက်ရင်း....

"ကဲပါဗျာ....နေလဲကောင်းသေးတာမဟုတ်ပဲနဲ့ လှဲပြီး နားနားနေနေသာ နေပါ....စီးကရက်ကိုလည်း မီးငြှိမ်းလိုက်တော့..ဘယ့်နှယ့် နေမကောင်းတဲ့လူက လှဲနေရင်း စီးကရက်ဖွာနေရတယ်လို့ လူကြားလို့မှ မကောင်း.....''

ဖွာတောင်မဖွာရသေးပဲ မီးညှိပြီးခါစ စီးကရက်လေးမှာ အသေးကောင်လေးရဲ့စကားအဆုံး ဖိချေခြင်းကို ခံလိုက်ရပါတော့သည်......

''အသေးကောင်လေးသဘောပါပဲကွယ်...ဒါနဲ့အသေးကောင်လေးရဲ့ နှုတ်ခမ်းမှာ ခရင်ခ်တွေနဲ့ တစ်မျိုးလေးပါလား..ကလေးလေးအတိုင်းပဲ"

ခေါင်းလေးကုတ်လို့ မြို့အုပ်မင်းဟာ အသေးကောင်လေးကို ပြောလာသည်..
ခရင်ခ်တချို့ပေကျံနေတဲ့ အသေးကောင်လေးရဲ့ နှုတ်ခမ်းတစ်စုံကို မြို့အုပ်မင်းက စီးကရက်တွေထက် ခုံမင်နေခြင်း....

''အိုဗျာ.... ဒါတော့ကျွန်တော်လဲဗိုက်ဆာလို့..ကိတ်မုန့်လေးစားခဲ့ယုံပါ..."

''ကျုပ်လဲစားချင်တယ်"

''ဘယ်လိုစား....."

အသေးကောင်လေးမှာ မေးချိန်တောင်မရလိုက်....မြို့အုပ်မင်းဟာ အသေးကောင်လေးရဲ့ နှုတ်ခမ်းတစ်စုံကို ငါးစက္ကန့်လောက် ဖိကပ်ထားလိုက်သည်.....

"အခုမှပဲ...အရသာတွေ့တော့တယ်...ချိုလိုက်တာ အသေးကောင်လေးရယ်...''

အသေးကောင်လေးရဲ့ မျက်လုံးတွေကို စိုက်ကြည့်လို့ မြို့အုပ်မင်းမှာ ဆိုလာသည်....အသေးကောင်လေးရဲ့ မျက်လုံးတွေကနေ တစ်ဆင့် မြို့အုပ်မင်းဟာ သူ့နှုတ်ခမ်းကို စိုက်ကြည့်နေပုံရသည်.....

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now