အပိုင်း ၈ : အံဆွဲ

Start from the beginning
                                    

ဝမ်းရှီ : "....."

မင်းသာ ခွဲခြားခွဲခြားနဲ့ သောက်တလွဲမလုပ်လိုက်ရင် ငါတို့အရပ်တွေ ဒီလောက်ကြီးကွာမှာဟုတ်သလို ဘယ်သူမှလဲ ပင်ပန်းတော့မှာ မဟုတ်ဘူးကွ ။

သူသည် ရှဲ့ဝမ်း၏ ခြေတံများကို အေးစက်စွာ စိုက်ကြည့်နေပြီး ဒီနေ့ကျမှ သူ့ဒေါသက အတော်လေးဆိုးရွားနေကာ သူ၏နှစ်တစ်ထောင် ကျင့်ကြံ‌ရေးများမှာလည်း အနှီလူလက်ထဲ ပျက်စီးသွားတော့မည်ဟု ခံစားလိုက်ရသည် ။

ရှဲ့ဝမ်းက ကျိုးကြောင်းဖျန်‌ဖြေသည့် စကားသံနှင့် ဆက်လက်ပြောနေဆဲ ။ "ငါမင်းတို့ကို တမင်တကာ စနောက်လိုက်တာမျိုး မဟုတ်ပါဘူး ။ ဒီအိမ်ထဲမှာ ပြထားတဲ့ ဓာတ်ပုံတစ်ပုံ‌လေးတောင် မရှိဘူး ။ ပြီးတော့ မှန်တွေကလဲ နည်းနည်းပဲရှိတာလေ ။ ရေချိုးခန်းထဲက မှန်တစ်ချပ်ရယ် ၊ ဒီတစ်ချပ်ရယ် ၊ အဘိုးကြီးရဲ့အိပ်ရာခေါင်းရင်းက တစ်ချပ်ရယ်ပဲရှိတာ ။ တကယ်လို့ ငါတို့အကုန် မှန်ထဲဝင်လိုက်ရင် လှုပ်ရှားလို့ရတဲ့ အကျယ်အဝန်းက သနားစရာကောင်းအောင် ကျဉ်းသွားမှာ "

သူသည် တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ပြုံးလျက် "အဲ့လိုဖြစ်လို့ ငါတို့ဘာမှမမြင်ရတော့ရင်လဲ မင်းငါ့ကိုအပြစ်တင်အုံးမှာမလား ? "

ရှ‌ချောင်သည် ထိတ်လန့်နေရာမှ ပြန်လည်သက်သာလာပြီးနောက် သံယောင်လိုက်ပြောလာသည် ။ "အဟုတ်ပဲ ၊ အဓိပ္ပာယ်ရှိတယ် "

ဝမ်းရှီ : "....."

သူသည် နောက်လှည့်ကြည့်ကာ သူ့ကိုပုန်ကန်အာခံလာသည့် သစ္စာဖောက်အရူးကို သတိပေးချင်ခဲ့သော်ငြား အစာသွပ်အရုပ်များမှာ "နောက်လှည့်ကြည့်"သည့် အပြုအမူကို မလုပ်နိုင်သည်ဖြစ်ရာ လှည့်ကြည့်နိုင်ရန်အတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တွန့်လိမ်‌ပြီးလှည့်လိုက်ရ၏ ။

ရှချောင်သည် သူ့မျက်နှာကိုကြည့်ကာ ကြောင်အမ်းနေပြီးနောက် အချိန်အတော်ကြာ တုံ့ဆိုင်းနေကာ သူသည် သတိတကြီးဖြင့် ပြောလာခဲ့သည် ။ "ဝမ်းကော...ကောအခုလုပ်နေတဲ့ပုံလေးက နည်းနည်း‌တော့ ချစ်စရာလေး "

မှန်ထဲရှိ လူမှာ တစ်စုံတစ်ခုသီးသွားပုံရကာ ချောင်းတဟွတ်ဟွတ် ဆိုးသွားတော့သည် ။

မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်း』〘မြန်မာဘာသာပြန်〙Where stories live. Discover now