ကုဟွိုက် သူ့စိတ်သူပြင်ဆင်လိုက်ပြီး ခွက်ထဲမှနို့ကိုသောက်တော့မည့်ဆဲဆဲ၊ ခွက်နှင့် သူ့နှုတ်ခမ်းထိလိုက်ချိန်တွင် ဗိုလ်မှူးကတက်တက်ကြွကြွပြောလာခဲ့သည်။

"အရှင့်ရဲ့ငယ်သားက အရှင်စားသောက်နေတာကို မှတ်တမ်းယူထားလို့ရမလား.."

ဗိုလ်မှူးက မှတ်တမ်းတင်သည့် ကိရိယာအသေးစားလေးအားကိုင်ထားသည်။ မျက်မှန်ကိုပင့်တင်ပြီး သူ၏အပြတ်အသတ်မိမိုက်မှုကိုပြသကာ ကုဟွိုက်၏အဖြေကိုစောင့်ဆိုင်းနေလေသည်။

ကုဟွိုက်မှာ သူ့မျက်လုံးသူအုပ်ထားလိုက်ချင်သွားသည်။ ရုတ်တရက်မူလကမ်ဘာတွင်နေခဲ့စဉ်က သူသိကျွမ်းခဲ့သောစီနီယာဇာတ်ညွှန်းရေးဆရာတစ်ယောက်က သူ၏နှစ်နှစ်အရွယ်ကလေး ကြက်ခြေထောက်ကိုက်နေသည့်ဗီဒီယိုကို မှတ်တမ်းတင်ရိုက်ပြီး ကုဟွိုက်ထံပို့ခဲ့ဖူးသည်ကို အမှတ်ရသွားသည်။

ကုဟွိုက်၏စိတ်ပိုင်းအရ ပြင်ဆင်ထားမှုများမှာ အဆိုပါနှိုင်းယှဉ်ချက်ကြောင် ကြွေမွပြိုလဲသွားရသည်၊ သို့သော် သူ၏ကြံ့ခိုင်နေသောစိတ်ကိုအသုံးချကာ ၎င်းကိုအနောက်ပြန်ပို့ထားလိုက်ပြီး ဇက်အုပ်စုက မျှော်လင့်တကြီးဖြစ်နေသည်မှာလည်း ငြင်းဆန်ရန်ခက်ခဲလှပေသည်။

"ရတယ်လေ.."

ကုဟွိုက်ကသဘောတူပြီး ခေါင်းညိတ်ပြလိုက်သည်။

ဗိုလ်မှူးသည် မှတ်တမ်းတင်ကိရိယာအသေးစားလေးဖြင့် စတင်ရိုက်နေပြီး ကုဟွိုက်က ၎င်းမှတ်တမ်းတင်ကိရိယာကို တစ်စက်ပင်လှည့်မကြည့်ဘဲ နို့ကိုပါးစပ်ထဲလောင်းချပစ်လိုက်သည်။

ပူဘာနိုအပင်မှ အရည်များဖြင့်ရောစပ်လိုက်ပြီးနောက် ဇက်အမှတ်တံဆိပ် ကလေးနို့မှာ ချိုလာသည့်တိုင် လူများကိုအချိုကဲလွန်းသည်ဟုမထင်စေနိုင်ဘဲ အချိုပေါ့သည့် နွားနို့နှင့်ဆင်တူသွားသည်။ သူအကြည့်ခံနေရစဉ်အတွင်း ကုဟွိုက် အမြန်သောက်ပြီး ခွက်ကိုပြန်ချထားလိုက်သည်။

သောက်ပြီးနောက်တွင် ကုဟွိုက်ကား အနားမှဇက်အုပ်စုက သူ့မျက်နှာကိုငေးကြည့်နေသယောင် ခံစားရသည်။ ကုဟွိုက် သံသယများဖြင့်မျက်နှာကိုကိုင်ကြည့်လိုက်သည်တွင် သူ့ပါးစပ်ပေါ်မှနို့စက်အချို့ကိုစမ်းမိသွားသည်။ သူအမြန်သောက်လိုက်မိလေရာ ပါးစပ်တွင်မတော်တဆပေကျံသွားပုံရ၏။

ငါ လူသားမဟုတ်တော့ဘူးOpowieści tętniące życiem. Odkryj je teraz