🦋④...Ⓩⓐⓦⓖⓨⓘ

Começar do início
                                    

"သတိရလာပြီလား ရှိုင်း"

ပြောလိုက်သည့် အသံကားခါတိုင်းနှင့်မတူ နူးညံ့နေ၏."ရှိုင်း".တဲ့ကုတင်နား ရောက်သောအခါ ရှိုင်းသော်တာဘေးနားသို့ တဇောင်းဝင်ထိုင်လိုက်ပြီး လက်တစ်ဖက်က ရှိုင်း၏ ပါးထက်၌ ညှင်သာစွာပင်နေရာယူလိုက်ပြီး အချိုသာဆုံးပြုံးပြကာ....

"ကိုယ်မေးနေတာ မကြားဘူးလား ရှိုင်း သတိရလာပြီလားလို့"

ပထမတခေါက် မိမိ၏ အမည်နာမကို နူးညံ့စွာပက် ခေါ်လိုက်ကတည်းက လူကသွေးပျက်နေပြီ.. ပြုမူလာသည့်အပြုအမူနှင့်ဒုတိယအကြိမ်ထပ်ခေါ်လာသည့် နာမ်စားကြောင့် ပါးစပ်အဟောင်းသားနှင့် ဆွံ့အ သွားရတော့သည်...စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထိန်းကာ ပြောစရာရှိတာကို ပြောဖို့ လုပ်ရတော့သည်....

"ီး ကို ရှိုင်းလား ငါ့ကိုဘာလို့ကြိုးတုပ်ထားတာလဲဖြေ"

"မနက်စောစောစီးစီး ညစ်ညမ်းတာတွေမပြောပါနဲ့လား ရှိုင်းရယ်"

"ဟျောင့် မင်းစောက်ပါးစပ်ကို အရင်ပြင်သွားပြီးရေဆေးချလိုက်အုံး ထွီး"

"ဘယ်နား နေရခက်နေသေးလဲ ရှိုင်း"

"ဘယ်နားမှနေရမခက်ဘူး လောလောဆယ်ကြိုးတွေသာအရင်ဖြုတ်ပေးစမ်းပါ "

"ဒါတော့ဘယ်ရမလဲ ရှိုင်းငယ်ရဲ့"

"ီးကို ရှိုင်းငယ် အော့ ရွံတာ ဟျောင့် "

ဟိန်းစက္က၏ မျက်နှာကားတဖြည်းဖြည်းနှင့် အနားသို့ချဉ်းကပ်လာပြီး နှုတ်ခမ်းသားတို့ထိကပ်လုဆဲဆဲ

"ထွီး ငိါုးမသားဝေးဝေးသွားစမ်း .."

မျက်လွှာတို့ကားအားယူဖွင့်စရာပင်မလို ဆတ်ခနဲပွင့်လာ၏ တရိပ်ရိပ်မူးလာသည့်ခေါင်းကြောင့် ခနလောက်မျက်စိမှိတ်လိုက်ပြန်၏

"ဟူးးး တော်ပါသေးရဲ့ အိပ်မက်ဖြစ်နေပေလို့"

အိပ်မက်ဖြစ်နေသောကြောင့် ရှိုင်းသော်တာ သက်ပြင်းချနိုင်တော့သည်...

နားထင်ကို အနွေးဓါတ်တခုခု လာရိုက်ခတ်နေသလို ခေါင်းကလည်းနေရတာ မာကြောတဲ့အရာတခုခုအပေါ်ရောက်နေသလို ....မျက်လုံး၂ဖက်ကို ညှင်သာစွာဖွင့်ကြည့်လိုက်ပြီး အနွေးဓါတ်လာရာ ဘယ်ဘက်သို့ လှည့်ကြည့်လိုက်၏လန့်နိုးလာသည့်အိပ်မက်ဆိုးထက်ပင် ပိုဆိုးနေသည့်မြင်ကွင်း

နားခိုရာမှားတဲ့ လိပ်ပြာငယ်Onde histórias criam vida. Descubra agora