DD.8

1.3K 122 33
                                    

Uni

" ဝမ်ရိပေါ် မင်းတကယ်လိုက်သွားမှာလား "

" ငါမင်းကိုမထားခဲ့ချင်ဘူး မင်းပါလိုက်ခဲ့ပါလား ငါတို့နဲ့လေ "

" ဟား မင်းကတော့ကွာ ‌မင်းသောက်ရူးလား ငါနဲ့မင်းကသူငယ်ချင်းလေ ဆရာဝန်လေးကိုဆို ထိုးတောင်ထိုးထားသေးတယ် ဘယ်လိုတော်စပ်မှုပြပြီးလိုက်နေရမှာတုန်းကွာ "

မျက်နှာမှာသာ ရယ်နေပေမယ့် ငယ်ပေါင်းတွေဖြစ်သည့်သူငယ်ချင်းနှစ်ယောက်၏ရင်ထဲ ဘယ်လောက်ခံစားနေရမည်ကို မျက်ဝန်းများအားကြည့်တတ်လျှင် သိနိုင်ပါသည်။

" ငါမင်းမပါရင်မလိုက်ပဲနေလိုက်ရမလား "

" ခွီး မင်းလားမလိုက်မှာ ခုနမင်းလိုက်ရမယ်ဆိုတော့ ပျော်နေပြီးတော့ ရတယ် ငါရှင်းချန်လေးနဲ့တွဲနေပြီဆိုတော့ လက်ထက်ပြီးရင် လိုက်ခဲ့မယ် "

" ဘယ်တုန်းကတွဲသွားတာလည်း "

" ဟဲ ဟဲ မင်းဆရာဝန်လေးဟိုဘက်ရွာလိုက်ပို့တုန်းက ရှင်းချန်လေးကို အဖြေမပေးရင် မုဒိန်းကျင့်မယ်ပြောလိုက်တာ အဖြေတန်းပေးတာပဲ "

" အော် မင်းကအနုနည်းမရလို့ အကြမ်းနည်းသုံးလိုက်တယ်ဆိုပါတော့ "

" အေးကွ ငါမင်းကိုသေချာပေါက်လွမ်းပါ့မလားတောင်မသိဘူး "

" ငါ*ိုးနွား‌ "

" ဘောဖြစ်လို့ဆဲ "

" ဝမ်ငယ် "

ဟောက်ရွှမ်းနှင့်ရိပေါ်ရန်ဖြစ်နေစဉ် ရှောင်းကျန့်၏အသံကြောင့် ရိပေါ်ရယ်၍ ရှောင်းကျန့်တို့နားသွားလိုက်သည်။ရှောင်းကျန့်သည် ရိပေါ်လာသည်နှင့် လက်နှစ်ဖက်အားဆန့်ကာ ခေါ်လေသည်။

ရိပေါ်သည် ရှောင်းကျန့်၏လက်နှစ်ဖက်ထဲသို့ဝင်လိုက်ပြီး တင်းကြပ်စွာဖက်လိုက်သည်။‌ရှောင်းကျန့်ဘေးရှိ ဇိရီတို့မှာလည်းပြုံးလျက် ရိပေါ်နှင့်သူ၏ကိုကိုတို့ကြောင့်ပြုံးနေလေသည်။

မင်းကိုသူတို့တကယ်စိတ်ရင်းနဲ့ချစ်မယ်လို့ငါယုံတယ် အဲ့တာကြောင့် မင်းကိုငါထည့်ပေးတာ မင်းသေချာပေါက်ပြုံးနေရမယ် မင်းငိုအောင်သူတို့မိသားစုဝင်ထဲကတစ်ယောက်ယောက်လုပ်ရင်တောင် ငါမင်းကိုပြန်ခေါ်မှာ ငုံးကောင်ရိပေါ်....

Dear Doctor { Complete✓ }Hikayelerin yaşadığı yer. Şimdi keşfedin