ယဲ့ကျန်းဟာ နန်းတော်၏ အဆောင်ငယ်များထဲမှ တစ်ခုတွင် ခပ်အေးအေး ထိုင်နေလျက် သူမမနေ့ညက ဖတ်ခဲ့သော ဆေးစာအုပ်များထဲမှ အကြောင်းကို စိတ်ထဲတွင် ပြန်လည်တွေးတောသုံးသပ်နေခြင်း ဖြစ်သည်။ ရုတ်တရက် သူမ၏ နာမည်ကို အခေါ်ခံရသည်။
ငါတို့အခု အိမ်ပြန်လို့ ရပြီလား။ အံ့ဩသွားသော ယဲ့ကျန်းက ပျော်ရွှင်စွာ ထရပ်လိုက်ချိန်မှာပင် မယ်တော်ကြီးက သူမကို တွေ့ချင်သည်ဆိုသော စကားကို ကြားလိုက်ရသည်။
အိုး.. ဘုရားရေ.. ငါ ဒီသတင်းကြီးကို မလိုချင်ဘူး။
"မယ်တော်ကြီးက ကြင်နာတတ်တဲ့သူပါ။ ဒါကြောင့် မင်းအနေနဲ့ ကြောက်ဖို့ မလိုဘူး။ ဒီအတိုင်း မေးခွန်းမေးတာမျိုးရှိရင် ပြန်ဖြေလိုက်ရုံပဲ"
လုဝူရွှမ်းက ယဲ့ကျန်းကို တစ်ချက် ကြည့်ပြီးနောက်တွင် ဤတတိယညီမ၏ ရုပ်ရည်က အလွန်အသိအမှတ်ပြုစရာ ကောင်းလွန်းသည်ဟု ခံစားရသည်။ ထို့ကြောင့် မယ်တော်ကြီး၏ စိတ်အတွင်းတွင် အမြင်တစ်ခု ချန်ထားရစ်ခဲ့လောက်သည်။ သို့ရာတွင် ကောင်းသော ထင်မြင်ချက် ရှိရန်က ခက်ခဲလွန်းလှလေသည်။ သူမဆိုလျှင်လည်း ထိုသို့ အခြေအနေကောင်းရရန် ယခုအခြေအနေအထိ ကြိုးစားနေရသေးသည်။
ယဲ့ကျန်းက အနည်းငယ် စိုးရိမ်စိတ်ဝင်နေသည်။ သူမဟာ မယ်တော်ကြီးကို ကြောက်၍ မဟုတ်လေဘဲ မယ်တော်ကြီးနှင့် ထိုမျှမြန်မြန် တွေ့ရန် မပြင်ဆင်ထားခဲ့မိသောကြောင့် ဖြစ်သည်။
ထည့်ပြောရန်ပင် မလိုလောက်အောင် မယ်တော်ကြီးက သူမ၏ရုပ်ရည်ကို မှတ်မိနေသေးသည်လား မသေချာချေ။
တကယ်လို့ ငါကသာ အရင်ဝမ်ဖေးနဲ့ ရုပ်တူမှန်းသာ သိသွားခဲ့ရင် ငါ့ရဲ့နောက်ခံကို သံသယဝင်လာနိုင်မလား။ သခင်မကြီးလုကလည်း ယဲ့ကျန်း၏ ဖြူဖပ်နေသော မျက်နှာကို သတိထားမိသည်။ ထို့ကြောင့် လက်ကို အသာအယာ ကိုင်လာပြီး ခပ်တိုးတိုး ပြောသည်။
"မယ်တော်ကြီးကလည်း လူသားတစ်ယောက်ပါပဲ မင်းကို မစားပါဘူး"
ထိုစကားကြားသည့်အခါ ယဲ့ကျန်းက ဖျော့တော့စွာ ပြုံးပြလိုက်သည်။
![](https://img.wattpad.com/cover/314436867-288-k49197.jpg)
Part 154
Bắt đầu từ đầu