Part 1

10 4 0
                                    

သာယာတဲ့ညချမ်းလေးတစ်ည........
သို့သော် သူမရဲ့အိမ်မှာတော့ လူတွေအားလုံးဟာအလုပ်တွေရှုပ်နေခဲ့ကျတယ်
ဒီနေ့ဟာသူမရဲ့ အဖွားစျာပနနေ့မို့လို့ပါ
လူတွေက သူမရဲ့အဖွားရဲ့ညနောက်ဆုံးအချိန်ကိုလာကြည့်ကျတယ်
အိမ်ထဲမှာရှိတဲ့ လူတစ်ချို့ဟာ စကားတွေပြောနေကျပီး ရယ်မောနေကျလေရဲ့
ကျန်ရစ်သူမိသားစုကို အထီးမကျန်ရလေအောင် အဖော်ပြုနေကျတာပေါ့
အင်း........
သွားလေသူကတော့ နောက်ဆံမတင်းဘဲ မရဏလမ်းကို ဖြောင့်ဖြောင့်တန်းတန်းသွားနေပင်မယ့် ကျန်ရစ်သူတွေကတော့
အလဲအကွဲပေါ့
တစ်ချို့ကတော့ တစ်ခုခုကိုချက်ပြုတ်နေကျတယ်....
သူမကတော့ အရာအားလုံးကိုနားမလည်နိုင်ဖြစ်နေခဲ့တယ်
ဟုတ်တာပေါ့...ကိုယ်ချစ်ရတဲ့ လူတစ်ယောက်လုံး ကိုယ်မျက်စိရှေ့တင် သေဆုံးသွားခဲ့တယ် ဘာကြောင့်မယ်မှန်းမသိတဲ့ အကြောင်းပြချက်နဲ့ပေါ့
သူမတစ်ကယ်နားမလည်တော့ပါ သူမ ညက ပုံမှန်အတိုင်း အိပ်ရာဝင်ခဲ့တာပါ ဒါပေမယ့် သူမ နိုးလာချိန်မှာတော့ သူမရဲ့ အဖွားစျာပနပွဲထဲကိုသူမရောက်ရှိနေခဲ့ပီ
သူမမှာ မေးစရာမေးခွန်းတွေဟာ မရေတွက်နိုင်လောက်အောင်ရှိနေခဲ့တယ် ဒါပေမယ့် ဒီအချိန်ဟာ မေးခွန်းတွေမေးဖို့ အချိန်ကောင်းမဟုတ်ဘူးဆိုတာ သူမသိတယ်လေ
သူမအတွေးကမ္ဘာထဲရောက်နေတုန်း ရုတ်တရက် သူမရဲ့အမေခေါ်သံကို သူမကြားလိုက်ရတယ်

"သမီးရေ အိမ်ရှေ့မှာ ကောင်လေးတစ်ယောက်ရောက်နေတယ် သမီးအသိတဲ့
လာဧည့်ခံပါအုံးကွယ်"

"ဟုတ် မေမေ သမီးလာခဲ့မယ်နော်"

"အေးအေး သမီး"

အသိတဲ့လား
ပြီးတော့ ကောင်လေးတစ်ယောက်တဲ့
ငယ်ငယ်ကတည်းကအပေါင်းအသင်းရှားတဲ့လူတစ်ယောက်မို့ သူမနဲ့သိတဲ့လူဆိုတာ လက်ချိုးရေလို့ရတယ်
အဲ့အထဲမှာမှ ယောက်ျားလေးဆို 3 4 ယောက်လောက်ဘဲရှိတာ
ဒါမဲ့ အခုကဘယ်သူပါလိမ့်
သူမရဲ့ ငယ်သူငယ်ချင်းလာတာများလား
သူလာရင်လဲ မေမေက ဘယ်သူဘယ်ဝါလာကြောင်း နာမည်နဲ့ပြောမှာပေါ့
စောနကမေမေပြောသွားတဲ့ပုံက မေမေကိုယ်တိုင်တောင် မသိတဲ့သူလိုမျိုး
ပြောသွားခဲ့တာဘဲ
သူမအတွေးပေါင်းများစွာနဲ့ အခန်းပြင်ကိုထွက်လာခဲ့လိုက်တယ်
သူမတွေ့လိုက်လိုက်ရတာက လူတစ်ယောက်
All black ဝတ်ထားတဲ့ လူတစ်ယောက်
အဲ့လူက မေမေနဲ့စကားပြောနေပီး သူမကိုကျောပေးထားလေရဲ့
သူ့ပုံကြည့်ရတာ သူမထက်ကြီးမဲ့ပုံပါ
သူမ သူငယ်ချင်းတော့မဟုတ်လောက်ဘူး
ဒါဆို ဘယ်သူလဲ.....
သူမအတွေးထပ်များရပြန်ပီ နဂိုကတည်းကအတွေးသမားမို့ တွေးနေမိတာတော့ မထူးဆန်းပင်မယ့် အခုက သူစိမ်းတစ်ယောက်က မေမေကို သူမအသိပါဆိုပီး လာပြောတာမလား စဥ်းစားစရာပါဘဲ....

Dream Where stories live. Discover now