……………………….......................................

ညနေပိုင်း ကျောင်းဆင်းတော့ ရိပေါ်ရဲ့ခြေလှမ်းတွေက ကားပါကင်ဆီသို့ ။ ကားထဲဝင်ပြီး လိပ်စာတစ်ခုကိုကြည့်လိုက်သည်

"ဟင်း...."

သက်ပြင်းချကာ ကားလေးက မောင်းထွက်ကာ တည်နေရာက ရှောင်အိမ်သို့

~တီတီ တီတီ~

အိမ်ရှေ့မှ ကားဟွန်းသံကြောင့် လုံခြုံရေးရောက်လာတော့ ရိပေါ် ကားမှန်ကိုချလိုက်သည်

"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲခဗျ"

"ရှောင်ရှောင်းကျန့်နဲ့ပါ"

"ဟုတ်ကဲ့ ဘယ်သူလို့ပြောလိုက်ရမလဲခဗျ"

"အမ်း... ကျွန်တော်က သူ့အတန်းပိုင်ပါ"

"ဟုတ်ကဲ့ ခဏလေးစောင့်ပါဗျ"

လုံခြုံရေးဦးလေးကြီးက အိမ်ထဲသို့ အမြန်ပြေးဝင်သွားသည်

......................…..........................................

ရှောင်းကျန့်တစ်ယောက် တနေကုန်အခန်းထဲမှာ နေနေရ၍ ပျင်းရိနေပြီလေ ။ ဟောက်ရွှမ်းနဲ့ယွီပင်းကို Dramaခင်းခိုင်းလိုက်တာ အောင်မြင်တယ်လို့ပဲ messageရောက်လာပေမယ့် သူ့ဆီကိုတော့ ရိပေါ်က တစ်ချက်မှ အဆက်အသွယ်မလုပ်သေးတာကြောင့် စိတ်ညစ်နေရသည် ။ ညနေစောင်းအချိန် အိမ်ရှေ့မှ ကားဟွန်းသံကြားတာကြောင့် ပြတင်းကိုအသာလှပ်ကာကြည့်မိတော့

"ဟင်!!? ဆရာ ငါ့ဆီတကယ်ရောက်လာတာပဲ နေဦး ကြက်သွန်နီ ကြက်သွန်နီ!"

ဘယ်အချိန်ကတည်း ဝှက်ထားမှန်းမသိတဲ့ ကြက်သွန်နီကို ဂျိုင်းကြားကို ချက်ချင်းညှပ်ကာ ကပြာကယာ ရေနွေးပူပူစိမ်ထားတဲ့ သဘက်ကို နဖူးပေါ်အမြန်တင်လိုက်သည်

"အမလေး! ပူလိုက်တာဟ"

ပူနေပေမယ့် ရှောင်းကျန့်တို့ကတော့ Crushပြန်ကြိုက်ဖို့အရေး တို့အရေးလုပ်ကာ ပူပူကိုသာ အမြန်ကပ်လိုက်သည်

.....................................................................

ရိပေါ် ကားလေး ခြံထဲသို့ဝင်လာကာ ကားရပ်လိုက်ပြီး အိမ်ထဲဝင်တော့ ရှောင်းမားက ရိပေါ်ကို ဧည့်ခန်းမှ နှုတ်ဆက်သည်

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now