ဟျူးယာတို့အဖွဲ့နဲ့ဒန်နာရီတို့အဖွဲ့ လမ်းခွဲပြီးနောက်မှာ ဒန်နာရီတို့ဟာ အီရှုရယ်အင်ပါယာရဲ့နေရာကူးပြောင်းရေးမှော်ဂိတ်ကနေတစ်ဆင့် တျက်စရစ်အင်ပါယာမြို့စွန်အနီးကို ရောက်လာတော့သည်
"ဒီကနေတစ်ဆင့် မြို့ထဲကိုသွားရအုံးမှာပဲ ပြီးရင် ဇီလ်ရာအင်ပါယာထဲကနယ်စပ်ဂိတ်ကို ကူးပြောင်းရမယ်"ရစ်နိုလ်ဟာပြောလိုက်ပြီးနောက်မှာ သူတို့အဖွဲ့ဟာ တျက်စရစ်အင်ပါယာရဲ့ တော်ဝင်မြို့တော်ဆီ ခရီးနှင်လာတော့သည်၊
ဒန်နာရီဟာ အသက်ဆယ့်သုံးနှစ်ဝန်းကျင်ထဲကို ရောက်ရှိလာပြီး မကြာခင် အသက်ဆယ့်လေးနှစ်ပြည့်တော့မည်၊
(A/N:ပထမက ဒန်နာရီက ဆယ့်တစ်နှစ်ဝန်းကျင်မှာပါဗျ အတိတ်ပုံရိပ်ယောင်လောကမှာ နှစ်နှစ်ခွဲပိတ်မိနေခဲ့ပါတယ်)
ဒီတစ်ခေါက်မှာတော့ ဒန်နာရီတို့အဖွဲ့ဟာ တော်ဝင်မြို့တော်ထိ အလွယ်တကူကျော်ဖြတ်လာနိုင်ပြီး မည်သည့်အခက်အခဲများဖြင့်​ မကြုံတွေ့ခဲ့ရပေ၊ဒါပေမယ့် ဒန်နာရီဟာ လူတစ်ယောက်ကို သွားသတိရမိသည်၊ ထရစ်ချူ နဲလ် ခရစ်တာရာဟာ ချဲလ်ဂီယာနတ်ဆိုးရဲ့နိုးလစ်ကျိန်စာကို မိထားတာကြောင့် သုံးနှစ်တောင် ရှင်သန်ရတော့မည်ဖြစ်ပြီး ယခုဆိုရင် နှစ်နှစ်ခွဲအချိန်ကုန်ဆုံးသွားပြီဖြစ်တာကြောင့် ထိုလူငယ်ဟာ နောက်ထပ်နှစ်ဝက်တောင် ကျန်တော့သည်၊
ထရစ်ချူကို ကုသမလား၊မကုသဘူးလာဆိုတာကို ဒန်နာရီမတွေးမိပေ၊ဒါပေမယ့် ရေစက်ပါခဲ့ရင်တော့ ဒန်နာရီအနေနဲ့အကောင်းဆုံး ကုသရန် ကြိုးစားပေးမှာအမှန်ပေ၊
ရစ်နိုလ်ဟာ မြို့တော်ထဲမှာ တည်းခိုခန်း နားပြီးနောက်မှာ မှော်အစည်းအဝေးကနေ နေရာကူပြောင်းရေးမှော်ယန္တရားနဲ့ပတ်သတ်ပြီး စုံစမ်းလိုက်သည်၊ဒါပေမယ့် နောက်သုံးရက်အနေမှာ အင်ပါယာမင်းရဲ့မွေးနေ့ပွဲရှိတာကြောင့် နေရာကူးပြောင်းရေးမှော်ယန္တရားမှာ အသုံးပြုမည့်မှော်ကျောက်တုံးတွေကို ဒီရက်ပိုင်း အသုံးမပြုရန် အထိန်းသိမ်းခံထားရတာကြောင့် ဒန်နာရီတို့ဟာ နောက်နှစ်ရက်နေမှာ ခရီးထွက်ခွာရမည်ဖြစ်သည်၊