ဝမ်းရှုလီ မက်ဆေ့ချ်တစ်စောင်ရိုက်၍ သူမသိသမျှလူတိုင်းကို ပေးပို့လိုက်သည်။

သူမက နောက်တစ်ကြိမ် ပြန်ကရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းကိုလည်း သူတို့ကို ပြောလိုက်ပါသေးသည်။

ထိုအချိန်တွင် ရှန့်ချန်ခုန်းက ချက်ပြုတ်ပြီးသည်နှင့် အချို့သောအပူထိန်းထမင်းဘူးထဲတွင် အစားအသောက်တွေကို ထည့်ထားလိုက်သည်။ ခဏကြာပြီးနောက် သူ့လက်ထဲ၌ စာအုပ်တစ်အုပ်ကိုင်ပြီး အိမ်မှထွက်လာခဲ့၏။ ရှန့်ချန်ခုန်းအနေဖြင့် ဝမ်းရှုလီ၏အကြည့်ကို ရှောင်ရှားရန် မလိုအပ်တော့ပေ။

***

ကျန်းကော်အာသည် ရွှီလျန်က တစ်မနက်ခင်းလုံး အခြားသို့စိတ်ရောက်နေသည်ကို သတိထားမိနေ၏။ သူမ နိုင်ငံခြားမှာ သုံးရက်ကြာ စိတ်လွတ်ကိုယ်လွတ် စျေးဝယ်ထွက်ခဲ့ရခြင်းကြောင့် ယခုအချိန်တွင် အမှာစာများလုပ်နေခြင်းဖြင့် ရွှီလျန် အလုပ်များနေသင့်သည်။ ယခုတွင်မူ အမှာစာများကို လုပ်နေလျက်ရှိသော်လည်း...ရွှီလျန်က မတူကွဲပြားစွာ လုပ်ဆောင်နေခဲ့သည်။

များမကြာမီတွင် ကျန်းကော်အာသည် ရွှီလျန်စောင့်မျှော်နေခဲ့သည့်အရာကို သိလိုက်ရ၏။

ယင်းကအော်ဒါတစ်ခုပင် — သာမန်အော်ဒါမျိုးမဟုတ်ဘဲ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြည့်နှက်နေသောအစားအစာဖြစ်သည်။

ကျန်းကော်အာမှာ ရှန့်ချန်ခုန်း၏လက်ထဲတွင် အလွန်အကျွမ်းတဝင်ရှိသော နေ့လည်စာထမင်းဘူးကို တွေ့လိုက်ရချိန်တွင် သူမနားလည်သွားခဲ့သည်။

ရှန့်ချန်ခုန်း ဆိုင်ထဲဝင်လိုက်သည်နှင့် ရွှီလျန်ဟာ ရုတ်ခြည်း သူမအလုပ်ထဲ အလွန်စျာန်ဝင်သွားလေသည်။ အလွန်စျာန်ဝင်နေသောကြောင့် ရှန့်ချန်ခုန်းဝင်လာသည်ကိုတောင် သူမ သတိမထားသည့်ပုံ။ ကျန်းကော်အာကမှု သူမနှုတ်ခမ်းထောင့်စွန်းတွေကို တစ်ပြေးညီဖြစ်အောင် ဖိအားပေးလိုက်ရင်း ရှန့်ချန်ခုန်းအား နှုတ်ဆက်၏။

"မင်္ဂလာပါ အစ်ကို ဒီနေ့ ဘော့စ်ကို ထပ်ပြီးအော်ဒါလာပို့တာလား"

Slowly Falling For Changkong ( ဘာသာပြန် )Nơi câu chuyện tồn tại. Hãy khám phá bây giờ