"မာမီတို့ကတော့ မေးလိုက်ရင် အဲ့တိုင်းပဲ... ပြီးကျ ဟုတ်လည်းမဟုတ်ဘူး"

"အလိုတော် စွပ်စွပ်စွဲစွဲ"

"ဟုတ်တယ်လေ သားကိုချစ်ရင် သားပူဆာတာကို လိုက်လျောရမှာပေါ့လို့... "

"ကဲ ဆိုစမ်းပါဦး ... သားငယ်က ဘာကိုလိုချင်တာလဲ..."

ပြည်သာရဲထက် ဒေါ်ထားရတနာရဲ့ခါးလေးကို တိုးဖက်ရင်း ပုခုံးလေးအား မှီကာ

"သားက သားထက် ဆယ့်ရှစ်နှစ်လောက်ငယ်တဲ့ ညီလေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တာ... မာမီမွေးပေးပါလားဟင်"

"ဒီကောင်လေး ပေါက်တက်ကရတွေ..."

"လုပ်ပါ မာမီကလည်း... သားကိုချစ်တယ်ဆို..."

"အိုကွယ် သားငယ်ကလည်း..."

ထိုစဉ် အခန်းတံခါးပွင့်လာကာ အလုပ်မှပြန်လာပုံရသော နေသာရဲထက်ဝင်ရောက်လာလေသည်။

"ညီလေး ဖျားလို့ဆို... ဆေးခန်းပြဖို့လိုသေးလားမာမီ"

"မပြဘူးနော် နိုး နိုး... "

ပြည်သာရဲထက်က ဒေါ်ထားရတနာကိုတိုးဖက်ကာ နေသာရဲထက်အား ဂြိုဟ်ကြည့် ကြည့်ရင်း ပြန်ပြောနေတော့သည်။

"ဖျားမှတော့ ဆေးထိုးရမှာပဲလေ... ဆေးထိုးရမှာကြောက်ရင် နေကောင်းအောင်နေပေါ့... မင်းဖျားနေတော့ မာမီလည်း ငြိမ်ငြိမ်မနေရဘူး"

"မာမီက ငြိမ်ငြိမ်မနေရအောင် ထကနေရလို့လား"

ပြည်သာရဲထက် အစ်ကိုဖြစ်သူအား တစ်ခွန်းမကျန်ပြန်ပြောနေလေသည်။ ပြည်သာထက် ရှစ်နှစ်ခန့်ကြီးသော နေသာက ပြည်သာ့ကိုဆိုလျှင် ကလေးလေးလိုသဘောထားကာ အမြဲစနောက်တတ်လေသည်။

"မာမီ ညီလေးက ကျန်းမာရေးချူချာတယ်နော်... ဒါပေမယ့် သားရယ် မာမီရယ် ဒယ်ဒီရယ်ကတော့ အရမ်းကို ဒေါင်ဒေါင်မြည်နေတာပဲ... ညီ​လေးတစ်ယောက်ပဲ ကွက်ပြီးထူးနေတော့ စဥ်းစားနေတာ... သူ့ကို မွေးစားထားတာလား...  ပဲပြုတ်ရောင်းတဲ့အဒေါ်ကြီးက ခြံရှေ့မှာ ပစ်ထားခဲ့လို့ မာမီတို့က ခေါ်မွေးထားရတာလား"

"ကိုကြီးနော်... သားက နေမကောင်းနေတာကို... မဟုတ်ဘူးမလားမာမီ"

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Waar verhalen tot leven komen. Ontdek het nu