"မင်းကဘာလဲဘာဆိုင်လို့လာတားနေတာလဲ ကလေးက ကလေးလိုနေ"

ဖက်ထုပ်တစ်ခုကြောင့်နဲ့ဒီလောက်ထိညှင်းပန်းနှိပ်စက်နေတာမတရားဘူးဦးလေးတို့ဖက်ထုပ်ကဘယ်လောက်များတန်ဖိုးရှိနေလို့လဲကိုယ့်လူမျိုးချင်းချင်းဒီလိုလုပ်တာလူမဆန်ဘူးဗျ

"ဘာ..မင်းဘာပြောလိုက်လဲ"

"မကြားဘူးလားကန်းနေတာလားထပ်ပြောမယ် ဦးလေးတို့ကလူမဆန်ဘူးလို့"

"မင်း!!...ဟက်..မင်းကြည့်ရတာအလွန်ဆုံး၉နှစ်၁၀နှစ်ပဲရှိအုံးမယ် မင်းကိုမင်းမိဘတွေကမဆုံးမဘူးလားလူကြီးကိုဒီလိုပဲရိုင်းပြရလား"

ထိုလူကြီးကပြောတာကိုကောင်လေးကမဖြုံသလိုနှာခေါင်းရှုံ့ကာစိုက်ကြည့်နေသည်။ဘေးကကောင်မလေးကမျက်နှာကိုမော်ချီပြီးဟန်ပါပါနှင့်လူကြီးလေးတစ်ယောက်လိုပြောတယ်။

"ဒါဆိုရင်ဦးလေးတို့မိဘတွေကလဲကလေးတစ်ယောက်ကိုညှင်းပန်းနှိပ်စက်ရမယ်လို့သင်ထားတာလား ဦးလေးတို့ရဲ့မိဘတွေကမဆုံးမဘူးပဲ"

"မင်းတို့!! ဒီကောင်စုတ်ကငါ့ဖက်ထုပ်ကိုခိုးတယ်ကွ"

ဖက်ထုပ်တစ်ခုထဲနဲ့မွဲသွားမှာမလို့လားခေတ်ပျက်ကြီးထဲဒီလိုမရှိဆင်းရဲသားတွေကိုကူညီလိုက်စမ်းပါအဲ့ဒါမှလူဆန်တာ

လူကြီးသုံးယောက်ကတော့ကလေးနှစ်ယောက်ရဲ့စကားတွေကြောင့်သူတို့ရဲ့အဆီတဝင်းဝင်းမျက်နှာကြီးဟာနီရဲတက်လာသည်။ဒေါသထွက်လွန်းပြီးလက်ညိုးတထိုးထိုးနှင့်ဆွေ့ဆွေ့ခုန်နေကြပါတော့တယ်။ထို့နောက်ဘေးကဝါးရင်းတုတ်ကိုဆွဲကာရိုက်ဖို့ဟန်ပြင်သည်။

"ဖေးဖေး"

"ကျန့်ကျန့်.."

ကလေးနှစ်ယောက်ကအချင်းချင်းမျက်စပစ်ပြပြီးခဲတွေကောက်ကာသူတို့ရိုက်ဖို့လုပ်နေတဲ့လူတွေကိုဝိုင်းပေါက်တော့တယ်။

"လူဆိုးကြီးထွက်သွား!!!လူဆိုးကြီးထွက်သွား!!!လူဆိုးကြီးထွက်သွား!!!"

"မင်း မင်းတို့မင်းတို့"

အော်ဟစ်ကာခဲတွေနဲ့ဝိုင်းထုတော့ရှောင်လင်သိုင်းသုံးရင်နောက်ကြောင်းလှည့်ထွက်ပြေးကုန်ကြသည်။လူဆိုးကြီးတွေထွက်ပြေးတော့ကလေးနှစ်ယောက်ကလက်ခုပ်လက်ဝါးတီကာပျော်ရွင်နေကြတယ်။ဒဏ်ရာတွေနဲ့မထနိုင်တဲ့သူအနားသွားကာဘေးတစ်ဖက်စီမှာဝင်ထိုင်လိုက်ကြသည်။

TRICK ✔Unde poveștirile trăiesc. Descoperă acum